Home » 

Origin PC Eon17-SLX (GeForce 980)

By: 

စိုးထက်

USD- 3,305

အားသာချက်

ယခု laptop တွင် စားပွဲတင် ကွန်ပျူတာမှ overclocked ပရိုဆက်ဆာနှင့် Oculus Rift အသုံးပြုရာတွင် လိုအပ်သည့် graphics card VR system ကဲ့သို့ အစိတ်အပိုင်းများ ပါဝင်လာသည်။ ၎င်းတွင် ပါဝင်သော အစိတ်အပိုင်းများမှာ အလွန်စွမ်းဆောင်ရည် မြင့်မားသည်။

အားနည်းချက်

Laptop ၏ ကိုယ်ထည်ဒီဇိုင်းမှာ ကြီးမားပြီး ဆွဲဆောင်မှုရှိသလို ဈေးနှုန်းမှာလည်း မြင့်မားသည်။ ထို့အပြင် VR နှင့်တွဲဖက် အသုံးပြုနိုင်သောကြောင့် ဈေးနှုန်းက အလွန်မြင့်မားသည်။ Origin PC Eon17-SLX တွင် ပါဝင်သော keyboard, touchpad နှင့် display မှာ သာမန်မျှသာရှိသည်။

အသေးစိတ်ဖော်ပြချက်

Origin PC Eon17-SLX သည် အလွန်တရာ ဈေးနှုန်းကြီးမားသည်။ ဒီဇိုင်းပိုင်းမှာလည်း လှပခြင်း မရှိပေ။ သို့သော်လည်း Oculus Rift ကဲ့သို့ VR ထုတ်ကုန်များနှင့် တွဲဖက်အသုံးပြုနိုင်ရန် အထူးပြုလုပ်ထားသည့် အစိတ်အပိုင်းများ ပါဝင်သည်။

Origin PC Eon17-SLX တွင် desktop CPU အပြင် Nvidia GeForce 980 desktop graphics card တို့ပါဝင်သည်။ VR ကုမ္ပဏီ Oculus နှင့်တရားဝင် ပူးပေါင်းထားသော PC ထုတ်ကုန်များကို “Oculus Ready PCs” ဟုခေါ်ဆိုသည်။ Origin PC ကိုလည်း “VR Ready” ကွန်ပျူတာဟု ခေါ်ဆိုသည်။

Origin PC Eon17-SLX PC တွင် Nvidia GeForce 970M mobile GPU ပါဝင်သောဗားရှင်းမှ စတင်၍ ဒေါ်လာ ၂,၁၀၁ ဖြင့် ရောင်းချသည်။ ထို့အပြင် GeForce 980 desktop ဗားရှင်းမှာ ဒေါ်လာ ၂,၈၂၄ အထိ ကျသင့်မည် ဖြစ်သည်။ Origin PC ကို desktop CPU Core i5 သို့မဟုတ် Core i7 ဗားရှင်းဟူ၍ ထုတ်လုပ်ပေးထားသည်။ ဈေးနှုန်းအမြင့်မားဆုံး ဗားရှင်းတွင် desktop 980 GPU, overclocked Intel Core i7 6700K desktop CPU နှင့် solid-state storage နှင့် 1TB hard drive ပါဝင်ပြီး ဒေါ်လာ ၃,၅၀၅ ကျသင့်မည် ဖြစ်သည်။

Laptop ၏ကိုယ်ထည်မှာ ကြီးမားလှပြီး အလေးချိန် ၁၀ ပေါင်ရှိသည်။ သို့သော်လည်း တစ်နေရာမှ တစ်နေရာသို့ အလွယ်တကူ သယ်ဆောင်သွားနိုင်သည်။

Origin PC Eon17-SLX သည် 4K ရုပ်ထွက်ဂိမ်းများကို ကောင်းစွာကိုင်တွယ်နိုင်သည်။ မျက်နှာပြင်မှာ ၁၇.၃ လက်မ display ရှိပြီး ရုပ်ထွက်အရည်အသွေး 1,920x 1,080 ဖြစ်သည်။ ၎င်း၏ကိုယ်ထည်တွင် matte finish အသုံးပြုထားသောကြောင့် ထင်ရှားမှုရှိသည်။ Laptop ၏ display တွင် Nvidia ၏ G-Sync ကို ထောက်ပံ့ထားသည်။ ၎င်းသည် GPU နှင့် display refresh rate ကို sync ပြုလုပ်ပေးနိုင်သော နည်းပညာဖြစ်သည်။

ဘက်ထရီ

Origin PC Eon17-SLX ကို ဗီဒီယိုများ ကြည့်ရှုပါက ၂ နာရီ ၂၉ မိနစ်အထိ ကြည့်ရှုနိုင်ကြောင်း သိရသည်။ သို့သော်လည်း ဂိမ်းကစားရာတွင် ဂိမ်းနှင့် setting များအပေါ်မူတည်၍ ဘက်ထရီသက်တမ်းမှာ အပြောင်းအလဲရှိနိုင်သည်။

Ref: CNET

Tags: