Home » 

Lenovo ThinkPad X1

By: 

သီဟ

တန်ဖိုး - ကန်ဒေါ်လာ ၁၀၃၅

အားသာချက်

ပါးလွှာတဲ့ Display နဲ့ဖန်တီးပြုလုပ် ပေးထားတဲ့ အချက်ကတော့ ဒီ Tablet  ရဲ့အားသာချက် တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် Keyboard တပ်ဆင် အသုံးပြုနိုင်တဲ့အတွက် Laptop ကဲ့သို့လည်း အသုံးပြုနိုင်မှာ ဖြစ်သလို Security အတွက်လည်း Fingerprint ပါဝင်မှာ ဖြစ်ပါတယ်။

အားနည်းချက်

အဆိုပါ Tablet အတွက် လိုအပ်တဲ့ အစိတ်အပိုင်းတွေကို ဝယ်ယူရမယ်ဆိုရင် ဈေးနှုန်းမြင့်မားတာက ဒီ Tablet ရဲ့အားနည်းချက် တစ်ခုဖြစ်ပါတယ်။

သုံးသပ်ချက်

လုပ်ငန်းအတွက် အလုပ်လုပ်ဆောင် မယ်ဆိုရင် ဒီ Tablet ဟာ စွမ်းဆောင်ရည်မြင့်တဲ့ Tablet အမျိုးအစား တစ်ခုလည်း ဖြစ်ပါတယ်။ Laptop ကဲ့သို့ အသုံးပြုနိုင်ခြင်းကလည်း ဒီ Tablet ရဲ့အားသာချက် တစ်ခုလည်း ဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

Intel Core M5 ကို အသုံးပြုထားပြီး Processor ရဲ့အမြန်နှုန်းကတော့ 1.1 GHz ရှိမှာဖြစ်ပါတယ်။ RAM ကို 8GB ထည့်သွင်းပေးထားပြီး အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 256 GB ပမာဏရှိတဲ့ SSD  ပါဝင်မှာ ဖြစ်ပါတယ်။ Tablet မှာ အသုံးပြုထားတဲ့ System ကတော့ Windows 10 Home ကို အသုံးပြုထားတာပါ။ Screen အရွယ်အစားကတော့ ၁၂ လက်မခန့် ရှိမှာဖြစ်ပြီး Resolution ကတော့ 2560 x 1440 resolution ရှိမှာဖြစ်ပါတယ်။ ပုံမှန် Laptop သုံးစွဲတတ်သူတွေအတွက်  Screen အရွယ်အစား သိပ်မကွာပါဘူး။ 3D accelerometer, 3D compass, 3D gyrometer အစရှိတာတွေ ပါဝင်မှာဖြစ်ပြီး Bluetooth 4.1 စနစ်ကို အသုံးပြုနိုင်အောင် အထောက်အပံ့ ပေးထားပါတယ်။ မိမိအချက်အလက်တွေကို လုံခြုံစိတ်ချ စေဖို့အတွက် Fingerprint reader ကိုလည်း တပ်ဆင်ပေးထားပါတယ်။

ဒီဇိုင်း

Lenovo ThinkPad X1 ဟာ သပ်ရပ်တဲ့ ဒီဇိုင်းပုံစံနဲ့ တည်ဆောက်ပေးထားပြီး Tablet ရဲ့အောက်ခြေဘက်မှာ USB Port ကို တပ်ဆင်ပေးထားတာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဘေးဘက်အခြမ်းမှာ စပီကာ တပ်ဆင်ပေးထားပြီး Tablet ရဲ့အနောက်ဘက်မှာ ကင်မရာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ Keyboard နဲ့ အသုံးမပြု လိုဘူးဆိုရင်တော့ Tablet အနေနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

-Ref : CNET