Home » 

Huawei MediaPad M3

By: 

သီဟ

တန်ဖိုး - ကန်ဒေါ်လာ ၃၈၉

အားသာချက်

Tablet ရဲ့ အလုပ်လုပ်ကိုင်နိုင်တဲ့ စွမ်းအားမြင့်မား ကောင်းမွန်ပြီး အသံပိုင်းကောင်းမွန်မှုက ဒီ Tablet ရဲ့ အားသာချက်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် earbud ကလည်း အသံအရည်အသွေး ကောင်းကောင်းနဲ့ သီချင်းနားထောင် ချင်သူများအတွက် စိတ်တိုင်းကျစေမှာ ဖြစ်ပါတယ်။

အားနည်းချက်

ဈေးနှုန်း အနည်းငယ်မြင့်မားပြီး Navigation key တွေကလည်း အသုံးပြုရာမှာ အနည်းငယ် အဆင်မပြေတာ တွေကိုလည်း တွေ့ရမှာပါ။

သုံးသပ်ချက်

Huawei MediaPad M3 Tablet ဟာ အလယ်အလတ်စား အရွယ်ပမာဏ ဖြစ်ပြီး၊ LTE အထောက်အပံ့ ပေးနိုင်တဲ့ Tablet အမျိုးအစား တစ်ခုဖြစ်ပါတယ်။ သုံးစွဲရတဲ့ ငွေကြေးပမာဏနဲ့ မျှတအောင် Display Screen နဲ့ အသံပိုင်းက သုံးစွဲသူကို စိတ်ကျေနပ်မှုပေးစေမယ့် Tablet အမျိုးအစား တစ်ခုလည်း ဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

Octa-core Processor ကို တပ်ဆင်ထားတဲ့ Tablet အမျိုးအစားတစ်ခုဖြစ်ပြီး Processor မြန်နှုန်းကတော့ 1.8 GHz ရှိမှာဖြစ်ပါတယ်။ အချက်အလက် သိမ်းဆည်းရန်အတွက် 32GB နဲ့ 64GB ကို ရွေးချယ်ဝယ်ယူ နိုင်မှာဖြစ်ပြီး Tablet မှာအသုံးပြုထားတဲ့ Built-in Memory ကတော့ 4GB ပမာဏခန့်ရှိမှာ ဖြစ်ပါတယ်။ Screen အရွယ်အစား ၈.၄ လက်မခန့် ရှိမှာဖြစ်ပြီး IPS Multi-touch ကို အသုံးပြုပေးထားပါတယ်။ Display Resolution ကတော့ 1600 x 2560 ပါ။ ကင်မရာပိုင်းမှာတော့ 8 Megapixels ရှိတဲ့ကင်မရာကို Tablet ရဲ့ အရှေ့ဘက်ရော အနောက်ဘက်မှာပါ တပ်ဆင်ပေးထားပါတယ်။ အသုံးပြုထားတဲ့ Tablet ရဲ့ Operationg System ကတော့ Android 6.0 version ကို အသုံးပြုထားမှာပါ။ Battery ကတော့ Li-Po battery ကို တပ်ဆင်ပေးထားပြီး Battery သိပ်သည်းဆကတော့ 5100 mAh ရှိမှာဖြစ်ပါတယ်။ Fingerprint, Gyro, Proximity sensor တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

ဒီဇိုင်း

Tablet ရဲ့ ညာဘက်အခြမ်းမှာ Volume button တွေကို တွေ့မြင်ရမှာဖြစ်ပြီး၊ Power button ကိုတော့ အဆိုပါ Volume button ရဲ့အောက်ခြေမှာ တပ်ဆင်ပေးထားပါတယ်။ Tablet ရဲ့အောက်ခြေဘက်မှာ Speaker အပေါက်နဲ့ SIM Card ထည့်သွင်းလို့ရမယ့် Slot ကိုတပ်ဆင် ပေးထားပါတယ်။

-Ref:laptopmag