Home » 

Colorfly i108w Tablet

By: 

သီဟ

တန်ဖိုး - ကျပ် ၁၇၀,၀၀၀

အားသာချက်

SIM card ထည့်သွင်းနိုင်တဲ့အတွက် Tablet ပေါ်ကနေ မိုဘိုင်းအင်တာနက် ချိတ်ဆက်သုံးစွဲချင် သူများအတွက် အသုံးတည့်မယ့် Tablet ဖြစ်ပါတယ်။

အားနည်းချက်

SIM Card ထည့်သွင်း သုံးစွဲလို့ရပေမယ့် ဖုန်းခေါ်ဆိုမှု အတွက်တော့ ဒီ Tablet က အထောက်အပံ့ ပေးနိုင်မှာ မဟုတ်ပါဘူး။

သုံးသပ်ချက်

Display Screen အရွယ်အစား ကြီးမားတဲ့အတွက် Tablet ပေါ်ကနေ အလုပ်လုပ်မယ့် လူတွေအတွက် အဆင်ပြေစေမှာဖြစ်ပြီး Windows Operating System ကို အသုံးပြုထားတဲ့အတွက် Windows Store မှဂိမ်းများကိုလည်း ထည့်သွင်းကစား နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Bluetooth keyboard နဲ့လည်း ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။

အသေးစိတ်ဖော်ပြချက်

Intel Bay Trail-T Z3735F Chip ကိုအသုံးပြုထားပြီး Quad-Core Processor ကိုတပ်ဆင်ထားတဲ့ Tablet အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ Processor မြန်နှုန်းကတော့ 1.83 GHz ရှိမှာဖြစ်ပြီး အချက်အလက် သိမ်းဆည်းရန်အတွက် 32 GB Storage ပါဝင်မှာ ဖြစ်သလို RAM ကိုလည်း 2 GB တပ်ဆင်ပေးထားပါတယ်။ ဒါ့အပြင် OTG Device များကိုလည်း ချိတ်ဆက်အသုံးပြု နိုင်ပါလိမ့်မယ်။

Screen အရွယ်အစား ၁၀.၁ လက်မခန့် ရှိမှာဖြစ်ပြီး OGS multi-touch capacitive screen ကို အသုံးပြု ပေးထားပါတယ်။ Display Resolution ကတော့ 1920  x 1200 ခန့်ရှိမှာပါ။ ကင်မရာပိုင်းမှာတော့ 5 Megapixels ရှိတဲ့ နောက်ဘက်ကင်မရာကို တပ်ဆင်ပေးထားပြီး အရှေ့ဘက် ကင်မရာကတော့ 2 Megapixels ရှိမှာ ဖြစ်ပါတယ်။ Tablet မှာအသုံးပြုထားတဲ့ Operating System ကတော့ Windows 8.1 ကိုအသုံးပြု ထားမှာဖြစ်ပြီး Battery သိပ်သည်းဆကလည်း 8000 mAh ရှိမှာဖြစ်ပါတယ်။

ဒီဇိုင်း

သေသပ်လှပတဲ့ ဒီဇိုင်းပုံစံနဲ့ဖွဲ့စည်းထားပြီး Tablet ရဲ့ ညာဘက်ကိုယ်ထည် အပေါ်ပိုင်းနားမှာ Power Button  နဲ့ Volume Button တပ်ဆင် ပေးထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ စပီကာကို Tablet ရဲ့အနောက်ဘက်အခြမ်းမှာ တပ်ဆင်ပေးထားပြီး ကင်မရာကလည်း Tablet ရဲ့ အနောက်ဘက် ညာဘက်ခြမ်းမှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ဆက်သွယ်ဝယ်ယူနိုင်မည့်လိပ်စာ -  T-Land IT, Digital & Mobile Centre

ဆက်သွယ်နိုင်မည့်ဖုန်း -  ၀၁-၃၈၂၈၆၈

-Ref : CNET