Home » 

Acer Aspire Switch Alpha 12

By: 

စိုးထက်

USD- 929.99

အားသာချက်

Acer Aspire Switch Alpha 12 ၏ဒီဇိုင်းပိုင်းမှာ အလွန်ကောင်းမွန်သည့်အပြင် စွမ်းဆောင်ရည်မြင့်မားသည်။ ၎င်းတွင် အလွန်ကောင်းမွန်သော keyboard လည်းပါဝင်သည်။

အားနည်းချက်

Acer Aspire Switch Alpha 12 ၏ display မှာ ကောင်းမွန်သည်။ အခြား 2-in-1 ထုတ်ကုန်များတွင် ပါဝင်သော OLED မော်ဒယ်များကဲ့သို့ အရောင်တောက်ပခြင်း သို့မဟုတ် ကွဲလွဲချက်များရှိသည်။

အသေးစိတ်ဖော်ပြချက်

Acer တွင် အဆင့်မြင့်သော တည်ဆောက်မှုကို အသုံးပြုထားပြီး ဒီဇိုင်းမှာ အလွန်ကောင်းမွန်သည်။ စွမ်းဆောင်ရည် ပိုင်းတွင်လည်း သာမန်ထက် ကျော်လွန်ကာ ဘက်ထရီ သက်တမ်နှင့် keyboard မှာလည်း  နှစ်သက်စရာ ဖြစ်သည်။

Acer Aspire Switch Alpha 12 ကို ၇၄၉ ဒေါ်လာဖြင့် စတင်ရောင်းချ လျက်ရှိသည်။ အဆိုပါ မော်ဒယ်တွင် 2.3GHz Intel Core i5-6200U, RAM 8GB, storage 256GB တို့ ပါဝင်လာသည်။ ၆၉၉ ဒေါ်လာ Acer Aspire Switch Alpha 12 တွင် SSD 128GB သာပါဝင်သည်။ ဒေါ်လာ ၉၉၉.၉၉ မော်ဒယ်တွင် Core i7-6500U ပါဝင်သည်။

Acer Aspire Switch Alpha 12 ၏မျက်နှာပြင်မှာ ၁၂ လက်မရှိကာ ရုပ်ထွက်အရည်အသွေး 2,160x 1,440 pixel ရှိသည်။ ယခု hybrid ထုတ်ကုန်သည် အရည်အသွေးမြင့်ပြီး အကြမ်းလည်းခံသည်။ ၎င်းတွင် အပူချိန်ကို လျှော့ချရန် ပန်ကာမပါဝင်သော်လည်း Acer ၏ LiquidLoop Cooling System ပါဝင်သည်။ အခြား 2-in-1 ထုတ်ကုန် များကဲ့သို့ပင် Acer ၏ Switch Alpha 12 တွင် ၁၂ လက်မ touch-screen ပါဝင်ပြီး Windows 10 tablet အဖြစ်လည်း အသုံးပြုနိုင်သည်။ ထို့အပြင် သံလိုက်ဖြင့် ချိတ်ဆက်ရသော keyboard လည်း ပါဝင်ကာ stylus ကို ထည့်သွင်းနိုင်သော loop တစ်ခုလည်း keyboard cover ၌ထည့်သွင်းထားသည်။ သို့သော်လည်း Acer Active Stylus ကို အလိုရှိပါက ၄၉ ဒေါ်လာ ကျသင့်မည်ဖြစ်သည်။ Active Stylus တွင် AAAA  ဓာတ်ခဲထည့်သွင်း အသုံးပြုရမည် ဖြစ်သည်။

Switch Alpha 12 ၏ kickstand  သည်အလွန်အသုံးဝင်ပြီး မည်သည့်ရှုထောင့်မှမဆို ကြည့်ရှုနိုင်ရန် ချိန်ညှိနိုင်သည်။ Switch Alpha 12 ထိပ်ဘက်ပိုင်းတွင် USB အားသွင်းခြင်းကို ထောက်ပံ့မထားသောကြောင့် ဘက်ထရီသက်တမ်း ဆွဲဆန့်ရန် AC adapter အသုံးပြုရမည် ဖြစ်သည်။ Switch Alpha 12 ၏ keyboard အောက်ဘက်ခြမ်းတွင် headphone jack, USB 3.0 တစ်ခုနှင့် USB-C connector အပြင် power connector တစ်ခုတို့ပါဝင်သည်။ Laptop ၏ kickstand ပတ္တာ အောက်တွင် storage တိုးချဲ့နိုင်မည့် microSD slot ပါဝင်သည်။

Switch Alpha 12 တွင် OLED အစား IPS နည်းပညာ display အသုံးပြုထားသောကြောင့် အလင်းအမှောင် ကွဲပြားသလို အရောင်လည်း တိကျမှန်ကန်သည်။ ထုတ်ကုန်တွင် ပါဝင်သော graphics မှာ သင့်တင့်ပြီး Adobe Photoshop Lightroom ကဲ့သို့ app များအသုံးပြုနိုင်သည်။

Ref: CNET