Home » 

HP EliteBook Folio G1

By: 

စိုးထက်

USD- 1,299.00

အားသာချက်

Folio G1 သည် အလွန်ပါးလွှာ ပေါ့ပါးသည်။ Laptop ကိုအလွယ်တကူ သယ်ဆောင်သွားနိုင်ရန် keyboard ကိုသေချာ ဖန်တီးထားသည်။ ဒီဇိုင်းမှာလည်း အဆင့်မြင့်သည်။ ထို့အပြင် 4K ရုပ်ထွက် အရည်အသွေးနှင့် touchscreen ပါဝင်သော ဗားရှင်းများစွာလည်း ရှိသည်။

အားနည်းချက်

Folio G1 ၏ 4K ဗားရှင်းတွင် ဘက်ထရီသက်တမ်း တာရှည်ခံခြင်း မရှိသလို ပတ္တာမှာ ကျပ်လွန်းပြီး USB-C port နှစ်ခုသာ ပါဝင်သည်။

အသေးစိတ်ဖော်ပြချက်

HP Elitebook Folio G1 မျက်နှာပြင် အရွယ်အစားမှာ ၁၂.၅ လက်မဖြစ်သည်။ Laptop ၏ကိုယ်ထည်မှာ သေးငယ်သလို စွမ်းဆောင်ရည် မြင့်မားကာ ရုပ်ထွက်အရည်အသွေး မြင့်မားသည်။ Touchscreen လည်း ပါဝင်သည်။ ထို့အပြင် ဘက်ထရီ သက်တမ်းမှာလည်း သင့်တင့်လျောက်ပတ်သည်။

Folio G1 သည် ၁၂ လက်မ MacBook နှင့်ဒီဇိုင်းပိုင်း ဆင်တူသည်။ ၎င်းတွင် Intel ၏နောက်ဆုံး Core M-series ပရိုဆက်ဆာများ အသုံးပြုထားသည်။ HP သည် မြန်နှုန်းမြင့်ဗားရှင်း ထုတ်လုပ်ထားပြီး Core m7 အသုံးပြုထားသည်။ အနိမ့်ဆုံးဗားရှင်းကို အမေရိကန်တွင် ၉၉၉ ဒေါ်လာဖြင့် စတင်ရောင်းချ ပေးမည်ဖြစ်သည်။ ၎င်းဗားရှင်းတွင်မူ storage 128GB နှင့် ရုပ်ထွက်အရည်အသွေး 1,920x1,080 pixel ပါဝင်သော်လည်း touchscreen မဟုတ်ပေ။

Folio G1 တွင် USB-C ပေါက်နှစ်ခု ပါဝင်သည်။ ထို့အပြင် USB-A မှ USB-C adapter ကိုအသုံးပြုရန် လိုအပ်ပါက ဒေါ်လာ ၂၀ ဖြင့် သီးခြားဝယ်ယူ ရမည်ဖြစ်သည်။ Folip G1 ၏ကိုယ်ထည်ကို အလူမီနီယမ်ဖြင့် ပြုလုပ်ထားပြီး အဆင့်မြင့်သည်။ ၎င်း Laptop ၏ကိုယ်ထည်တွင် ပတ္တာပါဝင်ပြီး ၁၈၀ ဒီဂရီအထိ လှန်နိုင်သည်။ Laptop ၏ပတ္တာမှာ အနည်းငယ်လှုပ်ခါမှု ရှိသည်။

HP Laptop များတွင် command ခလုတ်များဖြစ်သော အသံအတိုးအကျယ်နှင့် အလင်းတို့မှာ function ခလုတ်များမှာ ပြောင်းပြန်ဖြစ်နေသည်။ အခြား HP Laptop များကဲ့သို့ပင် Folio G1 တွင် Bang & Olufsen အမှတ်တံဆိပ်စပီကာ အသုံးပြုထားသည်။

ထို့အပြင် benchmark စမ်းသပ်မှုများတွင် Folio G1 နှင့် Intel Core m7 CPU သည် Apple နှင့် Core m5 နှင့် Core m3 ပရိုဆက်ဆာများ ပါဝင်သော Samsung Laptop များထက်မြန်ဆန်သည်။ သို့သော် U-series Core i5 နှင့် Core i7 ပရိုဆက်ဆာများထက် နှေးကွေးသည်။

ဘက်ထရီ

HP ၏ Elitebook Folio G1 4K မဟုတ်သော ဗားရှင်းသည် ဗီဒီယိုများကို ၆ နာရီ ၄၁ မိနစ်အထိ ကြည့်နိုင်သည်။ Folio G1 4K ဗားရှင်းတွင်မူ ဗီဒီယိုများကို ၄ နာရီ ၃၄ မိနစ်သာ ကြည့်နိုင်ကြောင်း စမ်းသပ်မှုများအရ သိရသည်။

Ref: CNET