Home » 

HP Pavilion 15-au072sa

By: 

စိုးထက်

USD - 535

အားသာချက်

HP Pavilion 15-au072sa သည် ဒီဇိုင်းပိုင်း သပ်ရပ်သည့်အပြင် ကီးဘုတ်မှာ အလွန်ကောင်းမွန်သည်။ ထို့အပြင် စွမ်းဆောင်ရည်မှာ လွယ်ကူချောမွေ့ပြီး ဘက်ထရီ သက်တမ်းမှာလည်း တာရှည်ခံသည်။

အားနည်းချက်

မျက်နှာပြင်ရုပ်ထွက် အရည်အသွေးမှာ နိမ့်သည်။ Laptop တွင်ပါဝင်သော hard drive ၏ ဖိုင်လွှဲပြောင်းမှုမှာ နှေးကွေးသည်။

အသေးစိတ်ဖော်ပြချက်

HP Pavilion 15-au072sa တွင် Intel ၏နောက်ဆုံးပေါ် ပရိုဆက်ဆာ နည်းပညာအပြင် feature များစွာ ပါဝင်သည်။ မျက်နှာပြင် အရွယ်အစားမှာ ၁၅.၆ လက်မရှိပြီး ရုပ်ထွက် အရည်အသွေးမှာ 1366x 768 pixels ဖြစ်ကာ 1TB hard drive နှင့် ဘက်ထရီ သက်တမ်းမှာ ၉ နာရီ အသုံးပြုနိုင်ကြောင်း သိရသည်။

HP Pavilion 15-au072sa ၏ကိုယ်ထည်မှာ ပုလဲဖြူရောင်ဖြစ်ပြီး အစွန်းအထင်း ပေခံနိုင်ရည် မရှိပေ။ Laptop တွင် USB port ၃ ခုပါဝင်ပြီး ၂ခုမှာ USB 3.0 ဖြစ်ကာ တစ်ခုမှာ USB 2.0 ဖြစ်သည်။ ထို့အပြင် full-size HDMI, Ethernet network port, SD card reader နှင့် နားကြပ်ပေါက် တစ်ခုတို့ ပါဝင်သည်။ အခြားချိတ်ဆက် မှုများအဖြစ် 802.11 ac Wi-Fi နှင့် Bluetooth 4.2 တို့ ပါဝင်လာသည်။ ယနေ့ခေတ် laptop များတွင် တွေ့ရနည်းလာသော DVD/RW drive လည်း ပါဝင်သောကြောင့် DVD ခွေများ ကြည့်ရူခြင်း သို့မဟုတ် စီဒီဖြင့် သီချင်းများ နားထောင်နိုင်သည်။

HP Pavilion 15-au072sa ၏အရေးပါသော အချက်မှာ CPU ဖြစ်ပြီး Intel ၏နောက်ဆုံးမျိုးဆက် Core i3 ချစ်ပ်အသုံးပြု နိုင်သည်။ Core i3-6100U မှာ အမြန်ဆုံး မဟုတ်သော်လည်း အခြားမျိုးဆက်များထက် စွမ်းအင်အသုံးပြုမှု နည်းပါးကာ ဘက်ထရီသက်တမ်း တာရှည်ခံစေသည်။ ၎င်းပရိုဆက်ဆာကို RAM 8GB နှင့် 1TB hard drive ဖြင့် တွဲဖက်ပေးထားသည်။

HP Pavilion 15-au072sa ၏မျက်နှာပြင်မှာ သာမန်အဆင့်သာ ရှိသည်။ ရုပ်ထွက်အရည်အသွေးမှာ 1366x 768 ရှိပြီး ယနေ့ခေတ် စံနှုန်းနှင့်ဆိုပါက အနည်းငယ် နိမ့်ပါးနေသည်။ မျက်နှာပြင်တွင် ပေါ်သည့်အရာများ လွယ်ကူစွာ ဖတ်ရှုနိုင်ရန် ပြုလုပ်ပေးထားသည်။ Laptop တွင် IPS အစား TN panel ကို အသုံးပြုထားသောကြောင့် အလင်းပြန်ရှိသည်။

Laptop တွင် အသုံးပြုထားသော Intel Core i3-6100U ပရိုဆက်ဆာသည် နေ့စဉ်လုပ်ငန်း ဆောင်တာများ ကို ကောင်းစွာ ထိန်းသိမ်းနိုင်ပြီး browser အတွင်း tab များစွာ ဖွင့်ထားနိုင်သည်။ ထို့အပြင် နောက်တွင် Outlook နှင့် Spotify တို့ကိုလည်း ဖွင့်ထား၍ အလုပ်များ လုပ်ကိုင်နိုင်သည်။ သို့သော်လည်း ဂိမ်းကစားခြင်း သို့မဟုတ် ဗီဒီယိုများ တည်းဖြတ်ရာတွင် အနည်းငယ် အခက်အခဲ တွေ့နိုင်သည်။

ဘက်ထရီ

HP Pavilion 15-au072sa ၏ ဘက်ထရီ သက်တမ်းမှာ အလွန်သင့်တင့်ပြီး brightness ကို လျှော့ချ၍ အသုံးပြုလျှင် ၉ နာရီ အသုံးပြုနိုင်ကြောင်း ကုမ္ပဏီက ထုတ်ပြန်ထားသည်။ သို့မဟုတ်ပါက brightness ကို ၆၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်း အထိထားကာ အသုံးပြုလျှင် ၆ နာရီ ၄၇ မိနစ်အထိ သုံးစွဲနိုင်သည်။

Ref: CNET