Home » 

LG G pad X 8.0

By: 

သီဟ

တန်ဖိုး - ကန်ဒေါ်လာ ၂၄၉.၉၉

အားသာချက်

Display Screen ကြည်လင်ပြတ်သားမှုက ဒီ Tablet ရဲ့အားသာချက် တစ်ခုဖြစ်ပြီး Mobile Data သုံးစွဲတဲ့ အခါမှာလည်း လိုင်းဆွဲအား ကောင်းမွန်တဲ့ Tablet အမျိုးအစား ဖြစ်ပါတယ်။

အားနည်းချက်

ကင်မရာပိုင်း အလင်းသိမှုကတော့ ဒီ Tablet ရဲ့ အားနည်းချက် တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ထူးခြားတဲ့ နည်းပညာတွေကိုလည်း ဒီ Tablet မှာ မြင်တွေ့နိုင်မှာ မဟုတ်ပါဘူး။

သုံးသပ်ချက်

ဈေးနှုန်းမျှတပြီး SIM Card ထည့်သွင်း အသုံးပြုနိုင်တာကြောင့် ခရီးသွားလာပြီး အလုပ်လုပ်ရတဲ့ သူများအတွက်ကတော့ သွားလေရာသယ်ဆောင်ပြီး အလုပ်လုပ်ကိုင်နိုင်မယ့် Tablet အမျိုးအစားတစ်ခု ဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

Qualcomm MSM 8939 Chip ကိုအသုံးပြုထားပြီး Octa-Core Processor ကို တပ်ဆင်ထားတဲ့ Tablet အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ Processor မြန်နှုန်းကတော့ 1.5 GHz ရှိမှာဖြစ်ပြီး Memory ကို RAM 2 GB နဲ့အချက်အလက် သိမ်းဆည်းဖို့အတွက် 16 GB Storage ပါဝင်မှာဖြစ်ပါတယ်။ Storage များများ အသုံးပြုချင် သူတွေအတွက် 256 GB ပမာဏရှိတဲ့ MicroSD Card ကို ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Screen အရွယ်အစား ၈ လက်မရှိတဲ့ IPS capacitive touch screen  ကို အသုံးပြုပေးထားပြီး Display Resolution ကတော့ 1200 x 1920 ခန့်ရှိမှာဖြစ်ပါတယ်။ ကင်မရာပိုင်းမှာတော့ 5 Megapixels ရှိတဲ့ကင်မရာကို တပ်ဆင်ပေးထားပါတယ်။ Secondary camera ကလည်း 5 Megapixels ရှိမှာ ဖြစ်ပါတယ်။ Android version 6.0 ကိုအသုံးပြုထားပြီး Battery သိပ်သည်းဆကတော့ 4650 mAh ရှိမှာဖြစ်ပါတယ်။ ဂိမ်းကစားရတာကို နှစ်သက်တဲ့ သူတွေအတွက် GPU ပါဝင်မှာလည်း ဖြစ်ပါတယ်။

ဒီဇိုင်း

ရိုးရှင်းတဲ့ဒီဇိုင်းနဲ့ ထုတ်လုပ်ထားတဲ့ LG G Pad X 8.0 Tablet ဟာ အောက်ခြေဘက်မှာ စပီကာနှစ်ခုကို တပ်ဆင်ပေးထားပြီး USB Port ကို အဆိုပါစပီကာ နှစ်ခုအလယ်မှာ ထည့်သွင်းပေးထားပါတယ်။ Power button, Volume Button နဲ့ SIM Card Slot တို့ကို Tablet ရဲ့ ညာဘက်အခြမ်းမှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။

Ref : CNET