Home » 

Lenovo Yoga Tab 3

By: 

သီဟ

တန်ဖိုး - ကန်ဒေါ်လာ ၁၆၅

အားသာချက်

Lenovo Yoga Tab 3 ဒီဇိုင်းသည် သုံးစွဲရ လွယ်ကူစေရန်အတွက် ထုတ်လုပ်ပေးထားသည့် ဒီဇိုင်းအမျိုးအစား တစ်ခုဖြစ်ပြီး၊ Built-in Kickstand လည်း ပါဝင်တာကြောင့် စားပွဲပေါ် အလွယ်တကူတင်ပြီး  အလုပ်လုပ်ဆောင် နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Camera ကလည်း Rotate စနစ်နဲ့ ပြုလုပ်ထားတာကြောင့် နှစ်သက်သလို အရှေ့အနောက်ကိုလှည့်ပြီး အလွယ်တကူနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Tablet အရှေ့ပိုင်းမှာ တပ်ဆင်ထားတဲ့ စပီကာဟာ အသံပိုင်းကောင်းမွန်ပြီး ဘက်ထရီသက်တမ်းလည်း ကြာရှည်တာကို တွေ့ရမှာ ဖြစ်ပါတယ်။

အားနည်းချက်

ဂိမ်းအကြီးတွေကို ကစားတဲ့ အခါမှာတော့ ဒီ Tablet ဟာ Loading ပိုင်း အနည်းငယ်ကြာမြင့်မှာ ဖြစ်ပါတယ်။

သုံးသပ်ချက်

ငွေကြေးချွေတာ သုံးစွဲလိုပြီး စွမ်းဆောင်ရည် ကောင်းကောင်း အသုံးပြုချင် သူများအတွက်တော့ Lenovo Yoga Tab 3 ဟာ သုံးစွဲသင့်တဲ့ Tablet အမျိုးအစား တစ်ခုဖြစ်တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ခရီးမကြာခဏ သွားတတ်သူများ အတွက်တော့ အလွယ်တကူ သယ်ယူသွားနိုင်မယ့် Tablet အမျိုးအစား တစ်ခုလည်း ဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

Qualcomm APQ 8009 Chip ကို အသုံးပြုထားပြီး၊ Quad-Core Processor ကိုတပ်ဆင်ထားတဲ့ Tablet အမျိုးအစား တစ်ခုဖြစ်ပါတယ်။ Processor မြန်နှုန်းကတော့ 1.3 GHz ရှိမှာဖြစ်ပြီး Memory ကို RAM 1 GB တပ်ဆင်ပေးထားပါတယ်။ အချက်အလက် သိမ်းဆည်းရန်အတွက် 16 GB eMMC Storage ကို တပ်ဆင်ပေးထားပြီး Storage များများ အသုံးပြုချင် သူတွေအတွက် 128 GB ပမာဏ ရှိတဲ့ MicroSD Card ကို ထည့်သွင်းအသုံးပြု နိုင်မှာဖြစ်ပါတယ်။ Screen အရွယ်အစား ၈ လက်မရှိတဲ့ IPS Multi-touch ကို  အသုံးပြုပေးထားပြီး Display Resolution ကတော့ 1280 x 800 ခန့်ရှိမှာဖြစ်ပါတယ်။ ကင်မရာပိုင်းမှာတော့ 8 Megapixels ရှိတဲ့ကင်မရာကို တပ်ဆင်ပေးထားပါတယ်။ G-Sensor/ Hall Sensor ပါဝင်မှာဖြစ်ပြီး Android version ကတော့ 5.1 ကို အသုံးပြုထားပါတယ်။ Battery သိပ်သည်းဆမှာ 6200 mAh ရှိမှာဖြစ်ပြီး တောက်လျှောက် အသုံးပြုမယ်ဆိုရင် နာရီ ၂၀ ခန့် အသုံးပြုနိုင်မယ်လို့ ဖော်ပြပေးထားပါတယ်။

ဒီဇိုင်း

ကျစ်လျစ်ပြီး အလွယ်တကူနဲ့ အသုံးပြုနိုင်ရန်အတွက် စီစဉ်ပေးထားတဲ့ Lenovo Yoga Tab 3 Tablet ဟာ Tablet ကို ပုံစံလေးမျိုးနဲ့ အသုံးပြုနိုင်ရန်အတွက် စီစဉ်ပေးထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စပီကာကို Tablet ရဲ့အောက်ခြေ အရှေ့ဘက်အခြမ်းမှာ တပ်ဆင်ပေးထားပြီး ကင်မရာကလည်း အရှေ့အနောက်လှည့်ပြီး အသုံးပြုနိုင်ရန်အတွက် ပြုလုပ်ပေးထားပါတယ်။

Ref : CNET