Home » 

Dell Inspiron 17 7000 2-in-1

By: 

စိုးထက်

အားသာချက်

Dell Inspiron 17 7000 2-in-1 တွင် ကြီးမားကျယ်ပြန့်သော ၁၇ လက်မ touch screen ပါဝင်သည်။ အဆိုပါ  touchscreen ကိုနောက်သို့လှန်၍ tablet အဖြစ် အသုံးပြုနိုင်သည်။ Dell Inspiron 17 7000 2-in-1 တွင် ခြားနားသည့် Nvidia graphics, face recognizing camera နှင့် တိကျမှု အားကောင်းသော touchpad တို့ ပါဝင်လာသည်။ ထုတ်ကုန်၏ အောက်ခံ ကိုယ်ထည်မှာ သတ္တုဖြစ်သည်။

အားနည်းချက်

Dell ၏ ၁၃ နှင့် ၁၅ လက်မရှိ hybrid မော်ဒယ်များထက် ဘက်ထရီသက်တမ်း အားနည်းသည့်အပြင် feature ပါဝင်မှုလည်း နည်းပါးသည်။ ထို့အပြင် ၎င်းတို့ထက် ဈေးနှုန်း တစ်ရာခန့် ပိုမိုများပြားသည်။ Dell Inspiron 17 7000 ၏အစွန်းတွင် ပါဝါခလုတ်ရှိပြီး မတော်တဆ ထိခိုက်မိတတ်သည်။

အသေးစိတ်ဖော်ပြချက်

Dell ၏ ၁၇ လက်မအရွယ်သည် ၃၆၀ ဒီဂရီအထိ လှန်၍ အသုံးပြုနိုင်သော hybrid ထုတ်ကုန်ဖြစ်သည်။ Dell Inspiron 17 7000 2-in-1 ကိုဒေါ်လာ ၈၉၉ ဖြင့် စတင်ရောင်းချလျက်ရှိသည်။ Dell Inspiron 17 ၏ keyboard တွင် နောက်ခံမီးနှင့် တုံ့ပြန်မှု အားကောင်းသော touchpad တို့ပါဝင်ပြီး ရုပ်ထွက်အရည်အသွေး 1,920x 1,080 IPS touchscreen အသုံးပြုထားသည်။ Laptop ၏ကိုယ်ထည်မှာ အလူမီနီယမ် ဖြစ်သည်။

Dell Inspiron 17 7000 2-in-1 ၏ထူးခြားသော အချက်မှာ infrared ကင်မရာ ပါဝင်လာခြင်း ဖြစ်ကာ Windows အတွင်း sign in ဝင်ရာတွင် အသုံးပြုနိုင်သည်။ မျက်နှာပြင် အရွယ်အစား ၁၇ လက်မသည် အလုပ်လုပ်ရန် ကောင်းမွန်ပြီး numpad ၁၀ခုပါဝင်သလို ဂိမ်းကစားနိုင်ရန်အတွက် Nvidia GeForce 940 MX graphics ချစ်ပ်ပါဝင်သည်။

ဒေါ်လာ ၈၉၉ တန် Dell Inspiron 17 7000 2-in-1 တွင် storage 1TB ပါဝင်သော်လည်း နှေးကွေးသော 5,400rpm spinning magnetic hard drive ကို အသုံးပြုထားသည်။ အကယ်၍ storage သီးခြားလိုအပ်ပါက 128GB ကို ၁,၁၄၉ ဒေါ်လာကျသင့်မည် ဖြစ်သည်။

Dell Inspiron 17 7000 2-in-1 သည် tablet သို့အလွယ်တကူ ပြောင်းလဲအသုံးပြုနိုင်ပြီး အလေးချိန်မှာ ၆.၁၂ ပေါင် ရှိသည်။

ဘက်ထရီ

Dell ၏ 7000 စီးရီးသစ်များအနက် 17 7000 2-in-1 မှာ ဘက်ထရီ သက်တမ်း ကောင်းမွန်ခြင်း မရှိပေ။ ၎င်းကို အလုပ်လုပ်ရာတွင် အသုံးပြုမည် ဆိုပါက ၃ နာရီသာ အသုံးပြုနိုင်သည်။ Dell ၏ ၁၃ နှင့် ၁၅ လက်မ မော်ဒယ်များမှာ ၄-၅ နာရီ အထိ အသုံးပြုနိုင်သည်။

-Ref: CNET