Home » 

Deltapath မှ ၎င်း၏ လုပ်ငန်းများကို မြန်မာပြည်တွင် တရားဝင်မိတ်ဆက်

By: 

ရဲထွဋ်ဝင်း

ဆက်သွယ်ရေးပလက်ဖောင်းနည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် Deltapath မှ ၎င်း၏လုပ်ငန်းများ မြန်မာပြည်တွင်း တရားဝင် စတင် လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Deltapath သည် ဗီဒီယိုနှင့် မိုဘိုင်းဖုန်းခေါ်ဆိုမှုဆိုင်ရာနည်းပညာများကို ပြည်တွင်းတွင် အကောင်အထည် ဖော်နိုင်ရန်အတွက် ဗီဒီယိုဆက်သွယ်ပြောဆိုမှုဆိုင်ရာ နယ်ပယ်တွင် ကမ္ဘာ့ထိပ်တန်း အမှတ်တံဆိပ်ဖြစ်သည့် Polycom နှင့် နည်းဗျူဟာပိုင်းဆိုင်ရာ ပူးပေါင်းမှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

Deltapath ၏ ထုတ်ကုန်တစ်ခုဖြစ်သည့် frSIP UC ပလက်ဖောင်းသည် မတူညီသောစနစ်များကို အသုံးပြုကာ ပြုလုပ်လေ့ရှိသည့် အခန်းတွင်းအစည်းအဝေး (Room-based Conference)၊ စားပွဲတင်ကွန်ပျူတာ အခြေပြုနည်းပညာ၊ ကွန်ရက်အစည်းအဝေး (Web Conferencing) နှင့် မိုဘိုင်းကိရိယာဖြင့် ဗီဒီယိုခေါ်ဆိုခြင်း ကဲ့သို့သော မတူညီသည့် ဆက်သွယ်ရေး အခြေခံအဆောက်အအုံများနှင့် ဆက်သွယ်ရေးဆိုင်ရာ ကိရိယာများအား တစ်ုတစ်စည်းတည်း ချိတ်ဆက်ပေးနိုင်မည်ဖြစ်သည်။ Deltapath နှင့် Polycom Unified Communications solutions များအား Deltapath ၏ မြန်မာနိုင်ငံသီးသန့်ဖြန့်ချိသူဖြစ်သည့် UCBI ရုံးချုပ်တွင် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။