Home » 

အိန္ဒိယနိုင်ငံချေးငွေဖြင့် မိုက္ကရိုဝေ့ဖ်ဆက်ကြောင်း တည်ဆောက်ရန် လုပ်ငန်းအပ်နှံခြင်း စတင်

By: 

ထွန်းထွန်း

အိန္ဒိယနိုင်ငံချေးငွေဖြင့် မိုက္ကရိုဝေ့ဖ်ဆက်ကြောင်းတစ်ခု တည်ဆောက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ချေးငွေအမေရိကန်ဒေါ်လာ ၆.၂ သန်းဖြင့် အကောင်အထည်ဖော်မည်ဖြစ်ပြီး ချင်းပြည်နယ်မြောက်ပိုင်းမှ တောင်ပိုင်းသို့ ဆက်သွယ်ပေးမည်ဖြစ်ကြောင်း၊ ရိဒ်-မင်းတပ် 1.5 Gigabit မိုက္ကရိုဝေ့ဖ်ဆက်ကြောင်း တည်ဆောက်ခြင်း စီမံကိန်းဖြစ်ကြောင်း သိရသည်။ " လုပ်ငန်းက နှစ်ပိုင်းပေါ့၊ မြန်မာဘက်ကလုပ်ရမယ့် လုပ် ငန်းရှိတယ်၊ ချေးငွေနဲ့လုပ်ရမယ့် လုပ်ငန်းရှိတယ်။ ဒီဘက်က လုပ်လို့ရမယ့်လုပ်ငန်းတွေက တော်တော်များများတော့ ပြီးနေပြီ။ ချေးငွေနဲ့လုပ်ရတဲ့ တာဝါတိုင်တို့ စက်ပစ္စည်းလုပ်ငန်းတွေ ရှိပါတယ်။ အဲဒါတွေ ဒီနှစ် ဘတ်ဂျက်အတွင်းမှာတော့ ပြီးအောင်လုပ်ဖို့ စီစဉ်ထားတယ်" ဟု ဆက်သွယ် ရေးညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားရေးမှူးဦးစိုးသိန်းက ပြောသည်။

အဆိုပါ စီမံကိန်းအတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အိန္ဒိယဆက်သွယ်ရေးအတိုင်ပင်ခံ ကုမ္ပဏီလီမိတက် (Telecommunication Consultants India Ltd - TCLI) တို့အကြား လုပ်ငန်းအပ်နှံ စာချုပ် ချုပ်ဆိုခြင်း အခမ်းအနားအား ဇန်န၀ါရီ ၁၀ ရက်က နေပြည်တော်တွင် ကျင်းပခဲ့ကြောင်း သိရသည်။ လုပ်ငန်းအပ်နှံစာချုပ်ကို လက်မှတ်ရေးထိုးကာ စာချုပ်များ
အပြန်အလှန် လဲလှယ်ခဲ့ကြကြောင်း သိရသည်။