Home » 

Quad-core CPU နဲ့ 4,000mAh ဘက်ထရီ ပါဝင်တဲ့ Gionee Steel 2 စမတ်ဖုန်း

By: 

နောင်နောင်

MediaTek ၏ MT6737 chipset နှင့် quad-core processor အသုံးပြုထားပြီး ၅ လက်မ HD display ပါဝင်တဲ့ Steel 2 စမတ်ဖုန်းသစ်ကို တရုတ်စမတ်ဖုန်း ကုမ္ပဏီ Gionee က မိတ်ဆက်ပေးခဲ့ပါတယ်။

RAM က 3GB ဖြစ်ပြီး internal memory ကို 16GB, 32GB တို့နဲ့ ရရှိနိုင်ပါတယ်။ ကျောဘက်ကင်မရာက 8MP ဖြစ်ပြီး အရှေ့ဘက်ကင်မရာ 5MP ဖြစ်ပါတယ်။ ဘက်ထရီက 4,000 mAh ပါ။

အရွယ်အစားက ၁၄၄.၃ x ၇၀.၅ x ၈.၆ မီလီမီတာဖြစ်ပြီး အလေးချိန်က ၁၆၀ ဂရမ်ပါ။ Android Marshmallow 6.0 အခြေခံ Amigo 3.5 နဲ့ အသုံးပြုနိုင်ပြီး home ခလုတ်မှာ လက်ဗွေဖတ်စနစ်ကို ထည့်သွင်းပေးထားပါတယ်။

Gionee Stee 2 ၏ တန်ဖိုးမှာ 16GB အတွက် ၁,၂၉၉ ယွမ် (ဒေါ်လာ ၁၉၀ ဝန်းကျင်) ဖြစ်ပြီး လက်ရှိမှာ ကြိုတင်အမှာစာတွေ လက်ခံနေပါတယ်။

Ref: GSMArena

Tags: