Home » 

မြင်းခြံမြို့တွင် ပထမဦးဆုံးအကြိမ် Barcamp ကျင်းပပြုလုပ်မည်

By: 

ကျော်ဇင်

မြင်းခြံမြို့တွင် ပထမဦးဆုံးအကြိမ်အဖြစ် နည်းပညာနှီးနှောဖလှယ်ပွဲကို Barcamp Myingyan 2017 အမည်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Barcamp Myingyan 2017 ကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နှင့် ၂၂ ရက်များတွင် မြင်းခြံမြို့ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ နှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး တက်ရောက်လိုသူများအနေဖြင့် ဇန်နဝါရီလ ၁ ရက်မှ စတင်ကာ www.barcampmyingyan.org တွင် Online Registration ပြုလုပ်နိုင်မည်ဖြစ်သည်။