Home » 

ခေါက်ထားနိုင်တဲ့ Samsung ဖုန်းကို ယခုနှစ်ကုန်ပိုင်းတွင် တွေ့မြင်ရဖွယ်ရှိ

By: 

နောင်နောင်

ကောလာဟလ သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့တဲ့ ခေါက်ထားနိုင်တဲ့ ဖုန်းတစ်မျိုးကို Samsung က ယခုနှစ်ကုန်ပိုင်းမှာ မိတ်ဆက်ဖွယ် ရှိတယ်လို့ ကိုရီးယားက ထွက်ပေါ်လာခဲ့တဲ့ သတင်းတစ်ရပ်အရ သိရပါတယ်။

အီလက်ထရွန်နစ်ကုမ္ပဏီကြီးဖြစ်တဲ့ Samsung ဟာ ခေါက်ထားတဲ့အပိုင်းကို ဖြန့်လိုက်တဲ့အခါ ၇ လက်မ tablet တစ်ခုအဖြစ် သုံးနိုင်မယ့် flexible display တစ်ခုပါဝင်တဲ့ ဖုန်းတစ်မျိုးကို ဖန်တီးနေတယ်လို့ Korea Herald က ဖော်ပြခဲ့ပါတယ်။ ကိုရီးယား ကုမ္ပဏီအနေနဲ့ တတိယသုံးလပတ်မှာ အလုံးရေ ၁၀၀,၀၀၀ ကျော် တင်ပို့ရောင်းချဖို့ မျှော်လင့်ထားတယ်လို့လည်း အဆိုပါ သတင်းစာက ဆိုပါတယ်။

Samsung အနေနဲ့ ကွေးနိုင်ဆန့်နိုင်တဲ့ ဖုန်းတွေကို လွန်ခဲ့တဲ့နှစ် အနည်းငယ်ကတည်းက စိတ်ဝင်စားခဲ့တာ ဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ ခေါက်ထားနိုင်တဲ့ စမတ်ဖုန်းတွေအတွက် ဒီဇိုင်းပုံစံတွေ ပြသထားတဲ့ မူပိုင်ခွင့်တစ်ခုကို ၂၀၁၅ ခုနှစ်မှာ လျှောက်ထားခဲ့ပါတယ်။ အဲ့ဒီအထဲမှာ စာရွက်လိုလိပ်ထားနိုင်တဲ့ ဒီဇိုင်းတစ်ခု ပါဝင်ပါတယ်။

Ref: CNET

Tags: