Home » 

နိုင်ငံတကာပညာသင်ဆုနှင့် ပညာသင်ထောက်ပံ့ကြေးများပေးအပ်မည့် ပညာရေးပြပွဲကြီးကို မြို့ကြီး ၃ မြို့တွင် ကျင်းပပြုလုပ်မည်

By: 

သန္တာ

MSI ၏ (၁၀) နှစ်ပြည့် အထိမ်းအမှတ် “ နိုင်ငံတကာ ပညာသင်ဆုနှင့် ပညာသင်ထောက်ပံ့ကြေး ပညာရေးပြပွဲကြီး” ကို ရန်ကုန်မြို့တွင် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၁ ရက် ၊ နံနက် ၁၀ နာရီ မှနေ့လယ် ၁ နာရီ အထိ နိုဗိုတယ်ဟိုတယ် ၊ ပြည်ခန်းမတွင် လည်းကောင်း၊ မန္တလေးမြို့တွင် ဇန်နဝါရီလ ၂၂ ရက်၊ နေ့လယ် ၁ နာရီ မှ ညနေ ၄ နာရီ အထိ ဆီဒိုးနားဟိုတယ် Ballroom ခန်းမကြီးတွင် လည်းကောင်း၊ တောင်ကြီးမြို့တွင် ဇန်နဝါရီလ ၂၃ ရက်၊ နေ့လယ် ၁ နာရီမှ ညနေ ၅ နာရီအထိ အနောက်မြို့ပတ်လမ်းပေါ်ရှိ Royal Starဟိုတယ် Ballroom ခန်းမကြီးတွင် လည်းကောင်း (၃) ရက်ဆက်တိုက် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

၎င်းပညာရေး ဆွေးနွေးပွဲကြီးကို ပါဝင်ဆင်နွှဲမည့် ကမ္ဘာ့ထိပ်သီးတက္ကသိုလ်နှင့် ကောလိပ်များမှာ ဆွစ်ဇာလန်နိုင်ငံရှိ IMI University နှင့် HTMi Institute၊ ထိုင်းနိုင်ငံရှိ အမေရိကန်တက္ကသိုလ် Webster University ၊ စင်္ကာပူနိုင်ငံရှိ Kaplan Higher Education Academy ၊ PSB Academy ၊ TMC Academy ၊ SIM Global Education၊ MDIS ၊ James Cook University (JCU, Singapore) ၊ DIMENSIONS နှင့် Auston Institute များ၊ မလေးရှားနိုင်ငံရှိ Taylor’s University ၊ Australia နိုင်ငံ၏ ပင်မကျောင်းခွဲဖြစ်သော Curtin University (Sarawak) ၊ SEGi University ၊ XMU University ၊ KDU Penang University College နှင့် INTI University & College တို့ ပါဝင်ဆွေးနွေးပေးသွားမည် ဖြစ်သည်။