Home » 

ရုရှားဆိုက်ဘာတိုက်ခိုက်မှုသတင်း တင်ဆက်ရာတွင် Fallout 4 ဂိမ်း screenshot ကို CNN အသုံးပြုခဲ့

By: 

စိုးထက်

CNN သည် ရုရှားဆိုက်ဘာ တိုက်ခိုက်မှုနှင့် ပတ်သက်သော သတင်းဖော်ပြရာတွင် ဆိုက်ဘာတိုက်ခိုက်မှုကို လက်တွေ့ ပြသရန်အတွက် နာမည်ကျော် Fallout 4 ဂိမ်းမှ screenshot ကို အသုံးပြုခဲ့သည်။

နှစ်စက္ကန့်ခန့် အကျဉ်းချုံးဖော်ပြခဲ့သည့် ရိုက်ကွက်ကို သာမန်အမြင်ဖြင့်ကြည့်ပါက ဆိုက်ဘာတိုက်ခိုက်မှုပုံစံနှင့် ဆင်တူသည်။ သို့သော်လည်း သတင်းတွင်ပါဝင်ခဲ့သော ကျပန်းစာလုံးများမှာ Fallout 4 မှဖြစ်ကြောင်း ဂိမ်းပရိသတ်များက သိရှိကြသည်။ အဆိုပါသတင်းအချက်အလက်ကို reddit သုံးစွဲသူတစ်ဦးက သတိပြုမိပြီးနောက် Reddit ပေါ်တွင် တင်ခဲ့ခြင်းဖြစ်သည်။

CNN သတင်းတွင် Fallout 4 ဂိမ်းတွင်ပါဝင်သော ကွန်ပျူတာတစ်ခု၏ ဗီဒီယိုအသုံးပြုထားသည်။ ၎င်းတွင် အနက်ရောင်နောက်ခံနှင့်အတူ အစိမ်းရောင်စာသားများပါဝင်သည်။ CNN သည် ဝက်ဘ်ဆိုက်တွင် ၎င်းဗီဒီယိုကို အစားထိုးခဲ့သော်လည်း YouTube channel တွင်မူ ဆက်လက်ထားရှိထားသည်။

၎င်း screenshot မှာ Fallout 4 ၏ hacking mini-game ဖြစ်သည်။ Fallout 4 ဂိမ်းတွင် ကစားသူများက တံခါးများဖွင့်ခြင်းနှင့် ဇာတ်လမ်းသွား ဆက်လက်ကစားရန် mini-game များ ကစားရသည်။

Ref: CNET

Tags: