Home » 

Apple ၏ Swift programming language ဖန်တီးသူကို Tesla ငှားရမ်း

By: 

နောင်နောင်

Swift programming language ကို ဖန်တီးသူနှင့် Apple ၏ Developer Tools ဌာနမှ ဒါရိုက်တာဖြစ်သူ software developer ခရစ္စလတ်နာသည် Tesla ၏ autopilot software ဒုဥက္ကဋ္ဌသစ်အဖြစ် ပြောင်းလဲ ဆောင်ရွက်ရန်အတွက် ယခုလကုန်တွင် ကုမ္ပဏီမှ ထွက်ခွာမည်ဖြစ်သည်။

လတ်နာသည် driver assistance နှင့် မောင်းသူမဲ့နည်းပညာ ဆက်လက်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် Tesla ၏ Autopilot အဖွဲ့ကို ဦးဆောင်မည်ဖြစ်သည်။

Apple မှ ထွက်ခွာမည့် အကြောင်းကို လတ်နာက Swift Evolution mailing list ထံ email ပေးပို့ကာ ပြောကြားခဲ့ပြီး ၎င်းအနေဖြင့် Swift Core Team ၏ အဖွဲ့ဝင်တစ်ယောက်အဖြစ် ဆက်ရှိနေမည်ဟု ဆိုခဲ့သည်။

Tesla တည်ထောင်သူ အီလွန်မက်စ်သည် ၎င်း၏ကုမ္ပဏီကို လက်ရှိတွင် အလုပ်လုပ်ရန် ဆွဲဆောင်နိုင်မှု ပိုမိုအရှိဆုံးနေရာအဖြစ် ရှုမြင်ထားသလို ၂၀၁၅ ခုနှစ်ကလည်း “Tesla တွင် မလုပ်နိုင်ရင် Apple မှာ သွားလုပ်” ဟူ၍ ပြောကြားခဲ့ကာ Apple ကို Tesla ရဲ့ အမှိုက်ပုံအဖြစ် ရည်ညွှန်းခဲ့သည်။

Ref: Engadget

Tags: