Home » 

လုံခြုံရေးအန္တရာယ်ကြောင့် Pokemon Go နှင့် အလားတူ ဂိမ်းများကို ခွင့်ပြုချက် ပေးမည် မဟုတ်ကြောင်း တရုတ်ပြောကြား

By: 

စိုးထက်

လုံခြုံရေး အန္တရာယ်များကို တွက်ချက်ပြီးသည်အထိ ခွင့်ပြုချက်ထုတ်ပေးမည် မဟုတ်ကြောင်း တရုတ်နိုင်ငံ၏ ဆင်ဆာအဖွဲ့က ပြောကြား ခဲ့ပြီးသည့်နောက် Nintendo ၏ နာမည်ကျော် စမတ်ဖုန်းဂိမ်း Pokemon Go နှင့် အခြား augmented reality ဂိမ်းများကို တရုတ်နိုင်ငံတွင် တွေ့မြင်ရဦးမည် မဟုတ်ပေ။

ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းနှင့် အွန်လိုင်းဂိမ်း ဈေးကွက်ဖြစ်သော တရုတ်နိုင်ငံတွင် Pokemon Go ဂိမ်းမှာ ကစားနိုင်ခြင်း မရှိသေးပေ။ အမေရိကန်အခြေစိုက် Niantic မှ ဖန်တီးထားသော တည်နေရာအခြေခံ Pokemon Go ဂိမ်းကို ယမန်နှစ်က ဖြန့်ချိခဲ့သည်။

Pokemon Go ဂိမ်းကစားသူများသည် အကောင်များကို ဖမ်းဆီးရန် ပြင်ပဘဝရှိ ဝန်းကျင်တစ်ဝိုက် လမ်းလျှောက်ရမည် ဖြစ်ပြီး စမတ်ဖုန်းမျက်နှာပြင်ပေါ်တွင် virtual ကာတွန်းဇာတ်ကောင်များကို ဖမ်းဆီးရမည်။

သို့သော်လည်း Pokemon Go အနေဖြင့် လမ်းမထက်က မတော်တဆမှုများ ဖြစ်ပေါ်ခြင်းကြောင့် ဝေဖန်ခံနေရသည်။ မတော်တဆ ဖြစ်မှုများကြောင့် ကစားသူတချို့မှာ ဒဏ်ရာ အပြင်းအထန် ရခဲ့သလို geolocation app ကြောင့် အငြင်းပွားမှုများစွာ ဖြစ်ပေါ်လျက်ရှိသည်။

ပြည်သူများ၏ အသက်အိုးအိမ် လုံခြုံရေးနှင့် နိုင်ငံတော် လုံခြုံရေးအတွက် တာဝန်ရှိလာသောကြောင့် ဆင်ဆာအဖွဲ့၊ နိုင်ငံတော်ပိုင် သတင်း၊ စာနယ်ဇင်း၊ ရေဒီယို၊ ရုပ်ရှင်နှင့်တီဗီလိုင်းများသည် Pokemon Go ၏ အန္တရာယ်များကို အခြားအစိုးရဌာနများနှင့် ပူးပေါင်းတွက်ချက်နေကြောင်း ဆင်ဆာအဖွဲ့အစည်းမှ ပြောကြားခဲ့သည်။

အဆိုပါ အန္တရာယ်များတွင် ပထဝီနယ်မြေဆိုင်ရာ လုံခြုံရေး ခြိမ်းခြောက်မှုနှင့် သုံးစွဲသူတစ်ကိုယ်ရေ လုံခြုံရေးနှင့် သယ်ယူပို့ဆောင်ရေး ခြိမ်းခြောက်မှုလည်း ပါဝင်ကြောင်း ဆင်ဆာအဖွဲ့မှ အုပ်ချုပ်သော တရုတ် အသံ-ဗီဒီယိုပိုင်းနှင့် ဒီဂျစ်တယ် ထုတ်ဝေရေး အဖွဲ့အစည်း၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

အချို့တရုတ်ကုမ္ပဏီများသည် augmented reality အခြေခံ၍ အလားတူဂိမ်းများနှင့် တည်နေရာအခြေခံ ဝန်ဆောင်မှုများကို ဖန်တီးနေကြသည်။ Pokemon Go ဂိမ်းသည် တရုတ်နိုင်ငံတွင် ပိတ်ပင်ထားသော Maps application ကဲ့သို့ Google ဝန်ဆောင်မှုများကို မှီခိုထားသည်။

Ref: Reuters

Tags: