Home » 

၂၀၁၆ တွင် စမတ်ဖုန်း ၂၂ သန်း တင်ပို့ရောင်းချခဲ့ကြောင်း Meizu ထုတ်ပြန်

By: 

နောင်နောင်

၂၀၁၆ ခုနှစ်တွင် စမတ်ဖုန်း ၂၂ သန်း တင်ပို့ရောင်းချခဲ့ကြောင်း တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော ပွဲတစ်ခု၌ Meizu က ထုတ်ပြန်ကြေညာခဲ့သည်။

စံချိန်တင်အရေအတွက် တင်ပို့ရောင်းချခဲ့ရသည့် နှစ်တစ်နှစ်ကို ပိုင်ဆိုင်ခဲ့သော Meizu သည် တရုတ်စမတ်ဖုန်းဈေးကွက်ရှိ အဓိကကျသော ကုမ္ပဏီများအနက် တစ်ခုဖြစ်သည်။ Meizu မှ တင်ပို့ရောင်းချခဲ့ရသည့် စမတ်ဖုန်း ၂၂ သန်းအနက် ၁၀ ရာခိုင်နှုန်းနီးပါးက တရုတ်နိုင်ငံပြင်ပ၌ ရောင်းချခဲ့ခြင်းဖြစ်သည်။

စမတ်ဖုန်းတင်ပို့ရောင်းချမှု ဆက်လက်မြင့်တက်စေရန်အတွက် Meizu က ၂၀၁၇ ခုနှစ်တွင် ဖုန်း ၆ မျိုး ထုတ်လုပ်သွားမည်ဖြစ်ပြီး၊ ၎င်းအနက် မော်ဒယ်တစ်မျိုးတွင် Snapdragon 625 ကို အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

Ref: GSMArena

Tags: