Home » 

e-Governance Master Plan မူကြမ်းထွက်ရှိ

By: 

ထွန်းထွန်း

e-Governance Master Plan မူကြမ်းထွက်ရှိလာကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

Myanmar e-Governance Master Plan (2016-2020) အဖြစ် ထွက်ရှိလာခြင်းဖြစ်ပြီး အဆိုပါမူကြမ်းကို အများပြည်သူလေ့လာနိုင်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနဝက်ဘ်ဆိုက်တွင် မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် လွှင့်တင်ပေးထားကြောင်း တွေ့ရသည်။

e-Governance စနစ်အောင်မြင်အကောင်အထည်ပေါ်လာစေရန် နည်းဗျုဟာများ၊ မူဝါဒများ၊ Framework နှင့် Structures များဖြင့် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်ကတည်းက အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါစနစ်အတွက် အစိုးရဆိုင်ရာ အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ စီးပွားရေးလုပ်ငန်းများ၊ သုတေသန အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ အိုင်စီတီဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။