Home » 

မိုဘိုင်းဖုန်းဘီလ်ဖြင့် အလှူငွေ ထည့်ဝင်နိုင်ရန် ပြုလုပ်

By: 

ထွန်းထွန်း

MPT ၏ မိုဘိုင်းဖုန်းဘီလ်ဖြင့် အလှူငွေထည့်ဝင်နိုင်ရန် ဆောင်ရွက်လိုက်ကြောင်း သတင်းရရှိသည်။

ပရဟိတလူမှုအဖွဲ့အစည်းများသို့ အလှူငွေများထည့်ဝင်နိုင်မည်ဖြစ်ကြောင်း၊ လိုတရဝက်ဘ်ပေါ်တယ်မှတစ်ဆင့် လှူဒါန်းနိုင်ရန် ဆောင်ရွက်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ အင်တာနက်ဖွင့်ပြီး မိုဘိုင်းဖုန်း Browser မှတစ်ဆင့် http://helpinghands.foc.lotayamm.com/ သို့ဝင်ကာ လှူဒါန်းနိုင်မည့်စာမျက်နှာသို့ သွားရမည်ဖြစ်ကြောင်း၊ ယင်းနောက် စာမျက်နှာတွင်ပါဝင်သော လှုပ်ရှားမှုအစီအစဉ်များထဲမှ နှစ်သက်ရာတစ်ခုကိုရွေးချယ်ပြီး မိမိ MPT ဖုန်းလက်ကျန်ငွေမှ လှူဒါန်းလိုသော ပမာဏကို ရွေးချယ်ရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်ချက်များပြီးပါက လှူဒါန်းမှုကိုအတည်ပြု၊ မပြု စာတန်းပေါ်လာမည်ဖြစ်ပြီး အတည်ပြုကြောင်းနှိပ်ပြီး မိမိရွေးချယ်ထားသော အစီအစဉ်ကုတ်နံပါတ်နှင့် အလှူငွေပမာဏကို ပြန်လည်စစ်ဆေးနိုင်မည်ဖြစ်ကြောင်း၊ ထို့နောက် လှူဒါန်းမှုပြီးစီးကြောင်း စာတိုတစ်စောင် မိမိဖုန်းတွင်ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။

နာရေးကူညီမှုဝန်ဆောင်မှုမှ စတင်ကာ နွမ်းပါးကလေးငယ်များအတွက် ပညာရေးထောက်ပံ့မှု၊ အမျိုးသမီးများနှင့် ကလေးသူငယ်များ အခွင့်အရေးအတွက် အကူအညီ၊ သဘာဝအန္တရာယ် ကာကွယ်စောင့်ရှောက်ရေး၊ ဂိလာန ဘိုးဘွားများအတွက် ရိပ်သာ အစရှိသည်ဖြင့် ရည်ရွယ်ချက်အသီးသီးဖြင့် ဦးတည် ဆောင်ရွက်နေကြသော အဖွဲ့အစည်းများအတွက် လှူဒါန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ အလှူငွေပမာဏကို မိမိဖုန်းလက်ကျန်ငွေမှ ဖြတ်တောက်သွားမည်ဖြစ်သည်ဟု သိရသည်။