Home » 

Huawei Mate 9 ကို ပြည်တွင်းဈေးကွက်တွင် အရောင်နှစ်မျိုးဖြင့် ဝယ်ယူနိုင်မည်

By: 

ရဲထွဋ်ဝင်း

Huawei ၏ Flagship မော်ဒယ်စမတ်ဖုန်းဖြစ်သည့် Ascend Mate 9 စမတ်ဖုန်းကို ပြည်တွင်းဈေးကွက်တွင် ဝယ်ယူနိုင်ပြီဖြစ်ပြီး ရွှေ (Champagne Gold) နှင့် အညို (Mocha Brown) အရောင်နှစ်မျိုးရှိမည်ဖြစ်သည်။

အဆိုပါ Mate 9 ၏ ကင်မရာစနစ်တွင် Huawei P9 တွင် အသုံးပြုခဲ့သည့် Leica မှန်ဘီလူးနည်းပညာ၏ ဒုတိယမျိုးဆက် Leica Dual မှန်ဘီလူးနည်းပညာနှင့် Huawei ၏ ကိုယ်ပိုင် Chipset ဖြစ်သည့် Kirin 960 chipset ကို ထည့်သွင်း အသုံးပြုထားသည်။ Mate 9 သည် မြင်ကွင်းအရွယ်အစား ၅.၉ လက်မရှိပြီး အမြန် နှုန်း 2.4 GHz ရှိသည့် Octa-core processor ၊ 4GB RAM နှင့် သိုလှောင်မှုပမာဏ 64 GB ရှိကြောင်းသိရသည်။ ကျောဘက်တွင် 20 MP နှင့် 12 MP အမျိုးအစား ကင်မရာနှစ်လုံးတပ်ဆင်ထားပြီး ရှေ့ဘက်ကင်မရာမှာ 12 MP အမျိုးအစားဖြစ်သည်။ လက်ဗွေစနစ်၊ မြန်ဆန်သည့် အားသွင်းစနစ်၊ USB Type C စနစ်များထောက်ပံ့ပါဝင်ပြီး ဘက်ထရီမှာ 4000 mAh အမျိုးအစားဖြစ်သည်။ Android OS 7.0 (Nougat) ကို အသုံးပြုထားသည်။ Mate 9 ကို တန်ဖိုး ၈၉၉,ဝဝဝ ကျပ်ဖြင့် ၀၉၇၃၂၂၂၈၈၈ တွင် ဝယ်ယူနိုင်မည်ဖြစ်သည်။

Tags: