Home » 

MK Lifestyle Company Limited, Flymya.com နှင့် Shopmyar.com တို့ ပူးပေါင်း၍ ပရိုမိုးရှင်းပြုလုပ်

By: 

ကျော်ဇင်

အရည်အသွေးမြင့်ဖက်ရှင်များကို ရောင်းချလျက်ရှိသည့် MK Lifestyle Company Limited, ခရီးသွားအစီအစဉ်များကို အကောင်းမွန်ဆုံး ဝန်ဆောင်မှုပေးလျက်ရှိသည့် Flymya.com နှင့် Online Shopping ဝက်ဘ်ဆိုဒ်တစ်ခုဖြစ်သည့် Shopmyar.com တို့မှ ပူးပေါင်း၍ Dream Trip in Style အမည်ဖြင့် ပရိုမိုးရှင်း အစီအစဉ်ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပရိုမိုးရှင်း အစီအစဉ်တွင် Customer များအနေဖြင့် MK Lifestyle Company Limited မှ ငွေကျပ် ၁၀၀,၀၀၀ ကျပ်ဖိုး ဝယ်ယူ၍ဖြစ်စေ၊ Shopmyar.com မှ Online Shopping ပြုလုပ်၍ဖြစ်စေ၊ Flymya.com မှ ခရီးစဉ်ဝန်ဆောင်မှုရယူ၍ဖြစ်စေ စင်ကာပူ၊ ဗီယက်နမ်၊ ငပလီသို့ သွားရောက်ခွင့်ရမည့် ခရီးစဉ်များနှင့်အတူ အခြားသောလက်ဆောင် ၂၀၀ ကျော်၊ ငွေကျပ်သိန်း ၇၀ ခန့် တန်ဖိုးရှိ Lucky Draw လက်မှတ်တစ်စောင် ရရှိမည်ဖြစ်သည်။

အဆိုပါအစီအစဉ်ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်မှ စတင်၍ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်အထိ ကံစမ်းနိုင်မည်ဖြစ်ပြီး ဆုမဲလက်ဆောင်များအနေဖြင့်

Flymya.com မှ-
(1) စင်ကာပူနိုင်ငံသို့ ၂ ညအိပ် ၃ ရက်ခရီးစဉ် (2 Air Ticket, Hotel, Tour)
(2) ဗီယက်နမ်နိုင်ငံသို့ ၂ ညအိပ် ၃ ရက်ခရီးစဉ် (2 Air Ticket, Hotel, Tour)
(3) ရန်ကုန်-သံတွဲ-ရန်ကုန် ခရီးစဉ် (2 Air Ticket)

Shopmyar.com မှ-
(1) Shopmyar.com မှ ပစ္စည်းလက်ဆောင်များ
MK Lifestyle Company Limited မှ
(1) Albedo Travel Luggage (၅) ခု
(2) John Henry Bags အခု (၅၀)
(3) John Henry Big Bag (၃) ခု
(4) Timberland Premium Gift အခု (၂၀)
(5) Kipling Present အခု (၅၀) တို့ပါဝင်မည် ဖြစ်သည်။

အဆိုပါပရိုမိုးရှင်း အစီအစဉ်မှ ဆုရရှိသူများကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် MK Lifestyle Company Limited ၏ Timberland Myanmar, Kipling Myanmar, John Henry Myanmar Facebook Page များနှင့် Magazine, Junction Square ရှိ Timberland အရောင်းဆိုင်၊ Mandalay ရှိ MK Lifestyle အရောင်းဆိုင်တို့တွင် ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။