Home » 

Hyundai Motor Myanmar မှ ခရစ်စမတ်နှင့်နှစ်သစ်ကူး အထူးပရိုမိုးရှင်းအစီအစဉ် ပြုလုပ်

By: 

အောင်သူ

Hyundai Motor Myanmar Showroom မှ ခရစ်စမတ်နှင့်နှစ်သစ်ကူး အထူးပရိုမိုးရှင်း အစီအစဉ် အနေဖြင့် မူရင်းဈေးမှ ဒေါ်လာ ၁၄၀၀ မှ ၄၃၀၀ အထိ ဈေးနှုန်းလျှော့ချကာ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

အဆိုပါ အစီအစဉ်တွင် Santafe ကို ဒေါ်လာ ၄၃၀၀ ၊ Elantra ကို ဒေါ်လာ ၂၃၀၀၊ LF Sonata ကို ဒေါ်လာ ၃၁၀၀၊ Grand i10 ကို ဒေါ်လာ ၂၀၀၀၊ H-1 ကို ဒေါ်လာ ၂၄၀၀ နှင့် H-100 ကို ဒေါ်လာ ၁၄၀၀ လျှော့ဈေးအပြင် ကားအမိုးနှင့်ထိုင်ခုံတို့ကို ပေးအပ်သွားမှာ ဖြစ်ပါတယ်။

ရန်ကုန်အရောင်းပြခန်း ဖုန်း ၀၁ ၅၂၂၇၂၃ နှင့် မန္တလေး၊ ဖုန်း ၀၉ ၄၅၃၉၅၅၅၆၀ မှာ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။