Home » 

Wave Money အသုံးပြုပြီး မီလီယံနာဖြစ်နိုင်မည့် အခွင့်အရေး ကံစမ်းမဲ အစီအစဉ်ပြုလုပ်

By: 

အောင်သူ

Wave Money အသုံးပြုပြီး မီလီယံနာ ဖြစ်နိုင်မယ့် အခွင့်အရေး ကံစမ်းမဲ အစီအစဉ်ကို ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလကုန် အထိ နှစ်လကြာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

Wave Money မှ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ Wave Money သုံးစွဲသူများအားလုံးကို အပတ်စဉ် ဆုလက်ဆောင်များဖြစ်တဲ့တီဗွီ၊ စမတ်ဖုန်း၊ အ၀တ်လျှော်စက်နဲ့ အခြားဆုလက်ဆောင်တွေကို ရယူနိုင်မှာ ဖြစ်ပါတယ်။ ကံစမ်းမဲအစီအစဉ်မှာ နောက်ဆုံးဆုအနေနဲ့ ငွေကျပ်သိန်း ၂၀ ရရှိပိုင်ဆိုင်နိုင် မှာဖြစ်ပြီး၂၀၁၆ခုနှစ်၊ ဇန်န၀ါရီလမှာ ကံထူးရှင်တစ်ဦး ရွေးချယ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဆုငွေကိုကံထူးရှင်ရဲ့ Wave အကောင့်ထဲကို လစဉ်အရစ်ကျ ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။

နိုဝင်ဘာလကစပြီး အပတ်စဉ် ဆုလက်ဆောင်တွေရရှိတဲ့ ကံထူးရှင်တွေကိုWave Money Facebook Page http://www.facebook.com/WaveMoney မှာ ကြေညာပေးနေတယ်လို့ သိရပါတယ်။

ကံစမ်းမဲ အစီအစဉ်နဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို Wave Money Facebook စာမျက်နှာ https://www.facebook.com/WaveMoney/ မှာ ၀င်ရောက်ကြည့်ရှု နိုင်ပါတယ်။ Wave Money customer app ကိုလည်း https://www.wavemoney.com.mm/ မှာ Download ရယူနိုင်ပါတယ်။