Home » 

Hyundai Motor Myanmar မှ hatchback ကားအမျိုးအစား Grand i10 ကို အထူးပရိုမိုးရှင်း အစီအစဉ်ဖြင့် ရောင်းချမည်

Hyundai Motor Myanmar Showroom မှ Hatchback အမျိုးအစား Hyundai Grand i-10 ကို နိုဝင်ဘာ ၂၁ ရက် မှ ဒီဇင်ဘာ ၃၁ ရက် အထိ ပရိုမိုးရှင်း အစီအစဉ်ဖြင့် ရောင်းချပေးသွားမည်ဟု သိရသည်။

ဈေးနှုန်းမှာ လက်ငင်းဝယ်ယူမည်ဆိုပါက အမေရိကန်ဒေါ်လာ ၂,၀၀၀ လျှော့ချပြီးသည့် ဈေးဖြစ်သော ဒေါ်လာ ၁၆,၆၀၀ ဖြင့် ၀ယ်ယူ ရရှိနိုင်မည်ဖြစ်သည်။ အရစ်ကျဝယ်ယူမည် ဆိုပါကလည်း ကားတန်ဖိုး၏ ၂၀ ရာခိုင်နှုန်း ဖြစ်သော(အမေရိကန်ဒေါ်လာ ၃၇၂၀) ကို ပထမဦးစွာပေးသွင်းရမည်ဖြစ်သည်။

ရန်ကုန်အရောင်းပြခန်း။ အမှတ် (၂/၆)၊ ၂ ရပ်ကွက်၊ အင်းစိန်လမ်းနှင့် သမိုင်း ဘူတာရုံလမ်းထောင့်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ ဖုန်း ၀၁ ၅၂၂၇၂၃၊ ၀၉ ၄၂၁၀၀၂၀၅၁ နှင့် မန္တလေးရုံးခွဲ အမှတ်(၁၀)၊ လမ်း ၄၀၊ ၇၈ လမ်းနှင့် ၇၉ လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေး၊ ဖုန်း ၀၂ ၂၅၃၁၅၁၉၇၀၊ ၀၉ ၄၅၃၉၅၅၅၆၀ သို့ ဆက်သွယ်စုံစမ်း နိုင်မည်ဖြစ်သည်။