Home » 

FPS ဂိမ်းသစ် Call of Duty - Infinite Warfare

Activision ၏ ရောင်းအား အကောင်းဆုံး FPS ဂိမ်းစီးရီး ဖြစ်သော Call of Duty ၏ ဂိမ်းသစ် Infinite Warfare ထွက်ရှိလာပြီး PC နှင့် PS4 ဂိမ်းစက်များတွင် ကစားနိုင်ပြီဖြစ်ကြောင်း သိရသည်။

အနာဂတ်အချိန် လူသားများအနေဖြင့် အခြားဂြိုဟ်များတွင်ပါ ချဲ့ထွင်နေထိုင်နေချိန်တွင် ကစားရမည်ဖြစ်သည်။ ကမ္ဘာမြေကိုဝင်ရောက်တိုက်ခိုက်လာသော SDF တပ်ဖွဲ့နှင့် ရင်ဆိုင်ရမည်ဖြစ်သလို အာကာသအတွင်း တိုက်ပွဲများလည်း ပါဝင်ထားသည်ဟု သိရသည်။ ထို့အပြင် Story campaign နှင့်အတူ Zombies in Spaceland
mode နှင့် online multiplayer mode များ လည်း ပါဝင်ထားသည်ဟု သိရသည်။

Call of Duty - Infinite Warfare နှင့် အတူ Modern Warfare ၏ Remastered Edition ကို GAME HIVE ဖုန်း ၀၉၇၃၁၁၈၅၅၀ နှင့် ၀၉၄၅၀၀၄၁၅၀၀ ၌ ဆက်သွယ် ဝယ်ယူနိုင်မည်ဖြစ်သည်။

Tags: