Home » 

Flymya.com ဝက်ဆိုဒ်မှ ခရီးသွားရာသီအတွက် ပရိုမိုးရှင်း အစီအစဉ်များပြုလုပ်

By: 

ကျော်ဇင်

Flymya.com ဝက်ဆိုဒ်မှ ခရီးသွားရာသီဖြစ်သည့် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွက် ပရိုမိုးရှင်း အစီအစဉ်များ ပြုလုပ်သွားမည်ဖြစ်ကြောင်း COO ဖြစ်သူ မဂရေ့စ်က ပြောပြခဲ့သည်။

အဆိုပါ ပရိုမိုးရှင်းအစီအစဉ်တွင် နိုဝင်ဘာလနှင့် ဒီဇင်ဘာလများအတွင်း ခရီးသွားမည့် Customer များအတွက် လေယာဉ်ခရီးစဉ်များနှင့် ဟိုတယ်တည်းခိုခွင့်များ ပါဝင်မည်ဖြစ်သည်။ လေယာဉ်ခရီးစဉ်ကဏ္ဍတွင် ရန်ကုန်-မန္တလေး-ညောင်ဦး-ဟဲဟိုး-သံတွဲ အစရှိသည့် ခရီးစဉ်များ ပါဝင်မည်ဖြစ်ပြီး လက်မှတ်တစ်စောင် ဝယ်ယူပါက လက်မှတ်တစ်စောင် အခမဲ့ ရရှိမည်ဖြစ်ကြောင်း သိရသည်။

ဟိုတယ်ပရိုမိုးရှင်း အစီအစဉ်တွင် ပုဂံ၊ အင်းလေး၊ ညောင်ရွှေ၊ ငွေဆောင် အစရှိသည့် ဒေသများရှိ ဟိုတယ်များတွင် နိုဝင်ဘာလ ၂၄ ရက်မှ ၂၇ ရက်နေ့အတွင်း ခရီးစဉ် ၃ ညတာ တည်းခိုခွင့်တွင် ၂ ညတာ တည်းခိုစရိတ်သာ ပေးရမည်ဖြစ်ပြီး တစ်ညတာ အခမဲ့တည်းခိုခွင့် ရရှိမည်ဖြစ်သည်။

အဆိုပါပရိုမိုးရှင်း အစီအစဉ်များနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက www.flymya.com ဝက်ဆိုဒ် သို့မဟုတ် ဖုန်း-၀၁ ၈၅၀၀ ၆၆၆ သို့ ဆက်သွယ်စုံစမ်းမေးမြန်းကာ ဝယ်ယူနိုင်မည်ဖြစ်သည်။