Home » 

Huawei မှ Huawei Carnival 2016 ပရိုမိုးရှင်း အစီအစဉ်ပြုလုပ်

By: 

ဝေဝေ

Huawei မှ သုံးစွဲသူ Customer များအတွက် Huawei Carnival 2016 ပရိုမိုးရှင်းအစီအစဉ်ကို နိုဝင်ဘာလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပရိုမိုးရှင်းအစီအစဉ်တွင် Huawei မှ နောက်ဆုံးတင်သွင်းထားသည့် မော်ဒယ်လ်များဖြစ်သော P9, P9lite, GR5, GR5 Mini, Y6 တို့ပါဝင်မည်ဖြစ်သည်။ Huawei P9 ကို ၅၅၉,၀၀၀ ကျပ်၊ Huawei P9lite ကို ၂၇၉,၀၀၀ ကျပ်၊ Huawei GR5 ကို ၂၂၉,၀၀၀ ကျပ် Huawei GR5 Mini ကို ၁၉၉,၀၀၀ ကျပ်၊ Huawei Y6II ကို ၁၄၉,၀၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

Huawei P9 ဝယ်ယူသူများအနေဖြင့် ၁၀၉,၀၀၀ ကျပ်တန် Media Pad T1 7” တစ်လုံးကို ရရှိနိုင်မည့်အပြင် ooredoo ဆင်းမ်ကတ်နှင့် လစဉ် ၁၀,၀၀၀ ကျပ်ငွေဖြည့်လျှင် ၁၇,၀၀၀ ကျပ် အပိုဆု စုစုပေါင်း ၁၂,၀၀၀ ကျပ် ကို (၆) လဆက်တိုက်ရရှိနိုင်မည့် Ooredoo package တို့ကိုပါ ရရှိနိုင်မည်ဖြစ်သည်။ Huawei P9lite ဝယ်ယူသူများ အနေဖြင့် 32GB SD ကတ်နှင့် Selfie Stick တို့ကို ရရှိမည်ဖြစ်သည်။ Huawei GR5 ဝယ်ယူသူများအနေဖြင့် 32GB SD ကတ်နှင့် Gift Box, Huawei GR5 Mini ဝယ်ယူသူများအနေဖြင့် 16GB SD ကတ်နှင့် Gift Box၊ Huawei Y6II ဝယ်ယူသူများအနေဖြင့် 16GB SD ကတ်တို့ကို အသီးသီးရရှိမည်ဖြစ်သည်။ Huawei စမတ်ဖုန်း များကို မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်ရှိ Huawei Branded Shop များ၊ Huawei နှင့်ချိတ်ဆက်ထားသော ဖုန်းဆိုင်များတွင် ဝယ်ယူရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။