Home » 

လူကြီးမင်းဖုန်းဆိုင်၏ တန်ဆောင်တိုင် အထူးဈေးရောင်းပွဲတော် ကျင်းပမည်

By: 

ရဲထွဋ်ဝင်း

တန်ဆောင်တိုင် အထူးဈေးရောင်းပွဲအဖြစ် လူကြီးမင်းဖုန်းဆိုင် (ဖော့ကန်ဆိုင်ခွဲ)တွင် ဟန်းဆက်များကို ၃ဝ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ အထူးလျှော့ဈေးနှုန်းများဖြင့် ရောင်းချပေးသွားမည်ဟု သိရသည်။ ထိုသို့ ရောင်းချပေးမည့် အစီအစဉ်ကို နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ရောင်းချပေးသွားမည်ဖြစ်ပြီး နိုဝင်ဘာလ ၅ ရက်မှ ၇ ရက်နေ့အထိ ၃ ရက်ဆက်တိုက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ဒီအစီအစဉ်ကို လူကြီးမင်းဖုန်းဆိုင်တိုင်းမှာ ပြုလုပ်တာ မဟုတ်ပါဘူး။ လူကြီးမင်း (ဖော့ကန် ဆိုင်ခွဲ) မှာပဲ ပြုလုပ်ပေးတာပါ။ လူကြီးမင်း(ဖော့ကန်ဆိုင်ခွဲ) မှာ လာရောက် ဝယ်ယူအားပေးကြတဲ့ Customer တွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ သီးသန့် အထူးပြုလုပ်ပေးတာပါ”ဟု လူကြီးမင်း(ဖော့ကန်ဆိုင်ခွဲ) မှ တာဝန်ခံ ကိုလွင်မောင်မောင်ဖြိုး က ပြောသည်။

ဈေးရောင်းပွဲနေ့ရက်များတွင် ဟန်းဆက် ဝယ်ယူအားပေးသူများအား ဝယ်ယူသည့် ဟန်းဆက်အမျိုးအစားပေါ်မှုတည်၍ အထူးလျှော့ဈေးဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။