Home » 

Review : Laptops

Monday, 16 Nov 2015

Surface Pro 4 သည် မျက်နှာပြင် အရွယ်အစား ကြီးမားပြီး ရုပ်ထွက် အရည်အသွေး ကောင်းမွန်သလို အထူမှာလည်း အလွန်ပါးလွှာသည်။

Monday, 2 Nov 2015

USD -  1,499

အားသာချက်

Microsoft Surface Book သည် ပါးလွှာစမတ်ကျပြီး Intel ပရိုဆက်ဆာ အသစ်များနှင့် Nvidia graphics အပါအဝင် အခြားတန်ဖိုးကြီး အစိတ်အပိုင်းများ ပါဝင်သည်။ ၎င်းထုတ်ကုန်၏ keyboard ကိုဖြုတ်၍ tablet အဖြစ် ပြောင်းလဲအသုံးပြုပါက ပေါ့ပါးမှုရှိသည်။ Surface Book ၏မျက်နှာပြင် ရုပ်ထွက်အရည်အသွေးမှာ အလွန်တောက်ပပြီး ၎င်းတွင်ပါဝင်သည့် stylus pen မှာအလွန်ကောင်းမွန်သည်။

အားနည်းချက်

Nvidia GPU ပါဝင်ခြင်းနှင့် storage ပမာဏများပြားသည့် Surface Book မှာ အလွန်အမင်းဈေးနှုန်း မြင့်မားသည်။

အသေးစိတ်ဖော်ပြချက်

Monday, 12 Oct 2015

အသေးစိတ်ဖော်ပြချက်

၉.၇ လက်မအရွယ်ရှိ Samsung Galaxy Tab S2 တွင် မျက်စိအေးစေမည့် Super AMOLED မျက်နှာပြင် အသုံးပြုထားသည်။ မျက်နှာပြင် အရွယ်အစား ကြီးမားသည့် Samsung Galaxy Tab S2 သည် ဂိမ်းဆော့ခြင်း၊ ဗီဒီယိုများ ကြည့်ရာတွင် အဆင်ပြေသည်။

Monday, 5 Oct 2015

USD - 299.99

HP ၏ Pavilion x2 ဒီဇိုင်းပိုင်းသည် အလွန်ခေတ်မီသည်။ ၎င်း hybrid ထုတ်ကုန်ကို အဖြူ၊ အနီနှင့် ငွေရောင်ဟူ၍ ထုတ်လုပ်ထားသည်။ Pavilion x2 ၏ မျက်နှာပြင်အရွယ်အစားမှာ ၁၀.၁ လက်မဖြစ်ပြီး  ရုပ်ထွက်အရည်အသွေးမှာ 1,280 x 800 သာရှိသည်။ ထို့ကြောင့် အင်တာနက် အသုံးပြုခြင်းနှင့် စာဖတ်ရာတွင် သင့်တော်သည်။ အဆိုပါ display တွင် IPS နည်းပညာကို အသုံးပြုထားသောကြောင့် ရုပ်ထွက်မှာ ဝေဝါးခြင်း မရှိပေ။

Monday, 28 Sep 2015

USD - 299.99
အသေးစိတ်ဖော်ပြချက်

မျက်နှာပြင် အရွယ်အစား ၈ လက်မရှိ Lenovo ၏ Yoga Tablet 2 သည် tablet ဖြင့် ပြုလုပ်ရသော အလုပ်များကို တွင်ကျယ်စေရန် ဖန်တီးထားပြီး ဒီဇိုင်းမှာလည်း ကျစ်လစ်မှုရှိသည်။ ၎င်း၏ ရုပ်ထွက်အရည်အသွေးမှာ 1,280x800 ရှိပြီး ပုံရိပ်အရောင်စိုစေသည့် IPS LCD ကို အသုံးပြုထားသည်။ Tablet ၏ ညာဘက်ခြမ်းတွင် အသံအတိုးအကျယ်နှင့် Micro  SD port တို့ပါဝင်သည်။ Yoga Tablet 2 တွင်ပါဝင်သည့် 8 megapixel ကျောဘက်ကင်မရာနှင့် ရိုက်ကူးထားသော ဓာတ်ပုံများမှာ ကောင်းမွန်သည်။ Tablet ၏အထူမှာ ပါးလွှာပြီး ၂.၅ မီလီမီတာသာ ရှိသည်။

Monday, 21 Sep 2015

Asus Chromebook Flip C100 တွင် Google ၏ Chrome OS အသုံးပြုထားသည်။

Monday, 14 Sep 2015

Nextbook Ares 11 သည် အီးမေးလ်များစစ်ခြင်း၊ အင်တာနက် အသုံးပြုခြင်းနှင့် ရိုးရှင်းသည့် မိုဘိုင်း ဂိမ်းများ ကစားခြင်းကဲ့သို့ အခြေခံလုပ်ဆောင်ချက်များကို တစ်ကြိမ်လျှင် တစ်ခါအသုံးပြုပါက ကောင်းမွန်စွာ လုပ်ဆောင်နိုင်သည်။

Monday, 31 Aug 2015

အားသာချက်

Acer Switch 10 E သည် ဈေးနှုန်း သက်သာသော hybrid ထုတ်ကုန် တစ်မျိုးဖြစ်သည်။ ၎င်းကို tablet အဖြစ် ပြောင်းလဲလိုက်လျှင် သံလိုက်ဖြင့် ချိတ်ဆက်ထားသော keyboard ကိုဖြုတ်၍ အသုံးပြုနိုင်သည်။ အဆိုပါ keyboard အတွင်း 500GB hard drive ပါဝင်သည်။

အားနည်းချက်

မျက်နှာပြင်အရွယ် ၁၀.၁ လက်မရှိသော Acer Switch 10 E ၏ဘေးဘောင် ထူသောကြောင့် မျက်နှာပြင်မှာ သေးငယ်ပုံပေါက်သည်။ ၎င်း hybrid ထုတ်ကုန်၏ ထိပ်ပိုင်းသည် လေးလံလှပြီး အလွယ်တကူ မှောက်လှန်နိုင် သည်။ Acer Switch 10 E ၏ touchscreen မှာလည်း တုံ့ပြန်မှု နှေးကွေးလှသည်။

အသေးစိတ်ဖော်ပြချက်

Monday, 17 Aug 2015

Asus သည် ဂိမ်းများကစားရာတွင် ညက်ညောမှုရှိစေရန် Nvidia G-Sync နည်းပညာကို ထည့်သွင်းထားသည်။

Monday, 10 Aug 2015

Sony Xperia Z4 သည်ပါးလွှာပြီး ရေစိုခံနိုင်သလို ကျစ်လစ်ပြီး စတိုလ်ကျလှပသည်။

Pages