Home » 

Review : Laptops

Monday, 14 Mar 2016

အားသာချက်

HP Envy 13 သည် ပါးလွှာပေါ့ပါးသော notebook ဖြစ်ပြီး သက်သောင့်သက်သာ အသုံးပြုနိုင်သော ကီးဘုတ်နှင့် အလွန်ကောင်းမွန်သော စပီကာများ ပါဝင်သည်။ ထို့အပြင်  Windows  စနစ်ကိုအလွယ်တကူ ဖွင့်နိုင်ရန် fingerprint sensor များ ပါဝင်သည်။

အားနည်းချက်

၎င်း laptop သည် ဘက်ထရီသက်တမ်း တာရှည်ခံခြင်းမရှိဘဲ အားသွင်းစဉ် အသုံးပြုပါက စွမ်းဆောင်ရည် နှေးကွေးသည်။ ထို့အပြင် touchscreen လည်း ပါဝင်ခြင်းမရှိပေ။

အသေးစိတ်ဖော်ပြချက်

Monday, 7 Mar 2016

Samsung Galaxy View သည် မျက်နှာပြင်ကြီးမားသော tablet တစ်မျိုးဖြစ်ပြီး အသုံးဝင်သည့် built-in kickstand နှင့် လက်ကိုင်တစ်ခု ပါဝင်သောကြောင့် အလွယ်တကူ သယ်ဆောင်သွားနိုင်သည်။

Monday, 29 Feb 2016

Dell XPS 15 သည် ဆွဲဆောင်မှုရှိသော မျက်နှာပြင် ၁၅ လက်မ 4K display ပါဝင်ပြီး ဘေးဘောင်မှာ သေးငယ်ကာ စွမ်းဆောင်ရည်မြင့် ပရိုဆက်ဆာနှင့် graphics option များစွာရှိသည်။ ၎င်း laptop မှာပါးလွှာပြီး ကိုယ်ထည်မှာ ခိုင်ခံ့မှုရှိသည်။

Monday, 22 Feb 2016

USD- 1,364
အားသာချက်

Asus G752 သည် ယခင်မော်ဒယ်ထက် အနည်းငယ်ပါးလွှာပြီး ဒီဇိုင်းပိုင်း ပြင်ဆင်ထားသည်။ Laptop ၏စွမ်းဆောင်ရည်မှာ အလွန်ကောင်းမွန်ပြီး ဂိမ်းကစားရာတွင် အဆင်ပြေစေရန် ကြီးမားသော ခလုတ်များပါဝင်ပြီး မီးရောင်များ ပါဝင်သည်။

အားနည်းချက်

Asus G752 သည် ဒီဇိုင်းပြောင်းလဲ ထားသော်လည်း ပြင်ပသို့ အလွယ်တကူ ယူဆောင်၍ အသုံးပြုနိုင်ခြင်း မရှိပေ။ ဈေးနှုန်းမြင့်မားသည့် laptop အများစုတွင် ကောင်းမွန်သော graphics card ပါဝင်လာသည်။ ၎င်းတွင် touch screen သို့မဟုတ် ရုပ်ထွက်အရည်အသွေး အမြင့်ဆုံး option များမရှိပေ။

Monday, 15 Feb 2016

Vaio Z Flip သည်ပါးလွှား ပေါ့ပါးသည့် laptop ဖြစ်သည့်အပြင် စွမ်းဆောင်ရည်မှာလည်း ကောင်းမွန်သည်။ ရုပ်ထွက် အရည်အသွေးမှာ ကြည်လင်ပြတ်သားကာ ဆွဲဆောင်မှုရှိသည်။

Monday, 1 Feb 2016

USD-599.00
အားသာချက်

Star Wars ဇာတ်ကားရှိ ဒီဇိုင်းဖြင့် ဖန်တီးထားသော laptop သည် အလွန် ဆွဲဆောင်မှုရှိသလို ၎င်းတွင် ထပ်ဆောင်းဒီဂျစ်တယ် content များပါဝင်သည်။ ထို့အပြင် သမားရိုးကျ ၁၅ လက်မ HP laptop ထက် ဈေးနှုန်းပိုမို များပြားခြင်း မရှိပေ။

အားနည်းချက်

ဘက်ထရီ သက်တမ်းမှာ တိုတောင်းသည်။ Nvidia graphics card ပါဝင်သော laptop ၏စွမ်းဆောင်ရည်မှာ အသင့်အတင့်သာရှိသည်။

အသေးစိတ်ဖော်ပြချက်

Monday, 25 Jan 2016

HP Spectre x2 သည် ပါးလွှာ တောင့်တင်းသော ဒီဇိုင်းရှိပြီး Microsoft ၏ Surface Pro တွင် ပါဝင်သော ကီးဘုတ်ထက် အနည်းငယ် ထူထဲသော ကီးဘုတ်တစ်ခုလည်း ထုတ်လုပ်ထားသည်။

Monday, 11 Jan 2016

Lenovo 100S တွင် အရောင်အသွေး တောက်ပပြီး လက်ဗွေရာ မထင်သော ကိုယ်ထည်အပြင် သက်တောင့်သက်သာရှိသော keyboard နှင့် တာရှည်ခံ ဘက်ထရီ သက်တမ်းတို့ ပါဝင်သည်။

Wednesday, 9 Dec 2015

LG Gram 14 မျက်နှာပြင် အရွယ်မှာ ၁၄ လက်မရှိပြီး အလေးချိန်မှာ အလွန်ပေါ့ပါးသလို စွမ်းဆောင်ရည်မြင့် Core i7 ပရိုဆက်ဆာကို အသုံးပြုထားသည်။

Monday, 23 Nov 2015

USD 1,199.00

အားသာချက်

Lenovo Yoga 900 သည်ယမန်နှစ်က ထွက်ရှိခဲ့သော ဗားရှင်းနှင့် ဒီဇိုင်းပိုင်းကွာခြားခြင်း မရှိသော်လည်း အထူမှာ ပါးလွှာသည်။ ထို့အပြင် ယခုဗားရှင်းတွင် အဆင့်မြှင့်တင် မှုများစွာ ပြုလုပ်ထားပြီး ဘက်ထရီ သက်တမ်းမှာလည်း တာရှည်ခံသည်။ ဈေးနှုန်းအသက်သာဆုံး Lenovo Yoga 900 ဗားရှင်းတွင် 256GB SSD ပါဝင်လာသည်။

အားနည်းချက်

Pages