Home » 

Microsoft Outlook တွင် Undo Sent လုပ်ဆောင်ချက်ကို enable ပြုလုပ်ခြင်း

By: 

သီဟ

Microsoft Outlook မှာ Gmail လိုမျိုး undo sent feature သုံးစွဲလို သူများအနေနဲ့ အောက်ပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်ပါတယ်။ အဆိုပါ feature ကို အသုံးပြုနိုင်ဖို့အတွက် Outlook Client version 2010, 2013, 2016 အနက် တစ်ခုကို ထည့်သွင်း အသုံးပြုဖို့ လိုပါတယ်။

Undo sent ကို enable ပြုလုပ်ဖို့အတွက် outlook client ကိုဖွင့်ပြီး File Menu ကို နှိပ်ပါ။ Manage Rules & Alerts ဆိုတာကို ရွေးချယ်ရပါမယ်။

Rules and Alerts window ထဲကို ရောက်ပြီဆိုရင် New Rule ဆိုတာကို နှိပ်ပြီး Apply rule on message I send ဆိုတာကို ရွေးချယ်ပေးရပါမယ်။ ပြီးရင် Next ကို နှိပ်ပါ။

နောက်တစ်ဆင့်ကတော့ defer delivery by a number of minutes ဆိုတဲ့ နေရာမှာ အမှန်ခြစ်ထည့်ပြီး ကလစ်နှိပ်လိုက်ပါ။ Undo လုပ်ဖို့အတွက် သတ်မှတ်ချိန်ကို ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။

ပြီးရင် Next ကို နှိပ်ပြီး Rule အမည်ကို သတ်မှတ်ပေးရပါမယ်။ သတ်မှတ်ထားတဲ့ Rule အလုပ်လုပ်ဆောင်ဖို့အတွက် Turn on this rule ဆိုတဲ့နေရာမှာ အမှန်ခြစ် ထည့်သွင်းပါ။ ပြီးရင် Finish ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ပါ။ အဆိုပါ အဆင့်ပြီးပြီဆိုရင် Microsoft Outlook မှာ Undo Sent feature ကို အသုံးပြုနိုင်ပါပြီ။

Ref: hongkiat

Tags: