Home » 

iOS 10.2 တွင် TV app မှ ဗီဒီယိုဖိုင်များကို delete လုပ်ခြင်း

By: 

သီဟ

iOS 10.2 အသုံးပြုတဲ့ iPhone, iPad တို့မှာ ယခင်က Videos app ကို ဖယ်ရှားလိုက်ပြီး TV app ကို အစားထိုး ထည့်သွင်းပေးထားပါတယ်။ PC ကနေ iPhone, iPad ထဲကို ထည့်သွင်းလိုက်တဲ့ ဗီဒီယိုဖိုင်တွေဟာ TV app ထဲက Download ဆိုတဲ့ ဖိုဒါထဲကို တိုက်ရိုက်ရောက်ရှိသွားပါတယ်။ ဒါပေမဲ့ အဲ့ဒီ ဗီဒီယိုဖိုင်တွေကို TV app ပေါ်ကနေ တိုက်ရိုက်ဖျက်ပစ်လို့ မရတော့ပါဘူး။

TV app ထဲက ဗီဒီယိုဖိုင်တွေကို ဖျက်ပစ်ချင်တယ်ဆိုရင် Settings ထဲက General ဆိုတာကို ဖွင့်လိုက်ပါ။

General ထဲကိုရောက်ပြီဆိုရင် Storage & iCloud Usage ထဲကို ဝင်ရပါမယ်။ ပြီးသွားရင် Manage Store ကိုရွေးချယ်ပေးလိုက်ပါ။ TV app ကိုတွေ့ရပါလိမ့်မယ်။ TV app ထဲကို ဝင်လိုက်ပါ။

TV app ထဲကိုရောက်ရင် ညာဘက်ထောင့်အပေါ်နားမှာ Edit ဆိုတာကိုတွေ့ရပါလိမ့်မယ်။ Edit ကို နှိပ်လိုက်တာနဲ့ ဖျက်ချင်တဲ့ ဗီဒီယိုဖိုင်ကို အလွယ်တကူနဲ့ ရွေးချယ် ဖျက်ပစ်နိုင်မှာဖြစ်ပါတယ်။

ဖျက်ပြီးသွားရင် Done ဆိုတာကို နှိပ်လိုက်ပါ။

ဒါဆိုရင် TV app ထဲက ဗီဒီယိုဖိုင်တွေ ပျက်သွားပါလိမ့်မယ်။

Tags: