Home » 

Ubuntu 16.10 တွင် Open Shot အား ထည့်သွင်းခြင်း

By: 

သီဟ

OpenShot ဆိုတဲ့ ဆော့ဖ်ဝဲကတော့ Video Editing ဆော့ဖ်ဝဲတစ်ခုဖြစ်ပြီး Ubuntu OS သုံးစွဲသူများ Ubuntu OS 16.04 နဲ့ 16.10 တို့ပေါ်ကနေ Video Editing ပြုလုပ်နိုင်အောင် ဖန်တီးပေးထားတဲ့ ဆောဖ့်ဝဲ တစ်ခုလည်း ဖြစ်ပါတယ်။

OpenShot Video Editor ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို  အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေး ရပါမယ်။

OpenShot Video Editor  ကိုထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြထားတဲ့ Command ကို Terminal ထည့်သွင်း ပေးရပါမယ်။ အသုံးပြုရမယ့် command ကတော့ -

sudo add-apt-repository ppa:openshot.developers/ppa
sudo apt-get update
sudo apt-get install open
shot-qt

ဆိုတဲ့ command တွေကို အသုံးပြုရမှာ ဖြစ်ပါတယ်။ အဆိုပါ command တွေကို ထည့်သွင်းပြီးရင် သက်ဆိုင်ရာ package တွေကို download ပြုလုပ်ပြီး Install ပြုလုပ်မှာ ဖြစ်တဲ့အတွက် ခေတ္တစောင့်ဆိုင်း ပေးရပါမယ်။ Install ပြုလုပ်ပြီးပြီဆိုရင် Dash button ကို နှိပ်ပြီး Search box မှာ OpenShot ဆိုတဲ့ Keyword နဲ့ OpenShot video editor ဆော့ဖ်ဝဲကို ရှာဖွေပြီး အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ အကယ်၍ အဆိုပါ ဆော့ဖ်ဝဲကို ပြန်လည် ဖယ်ရှားချင်တယ်ဆိုရင် sudo apt-get remove openshot-qt ဆိုတဲ့ command နဲ့ ဖယ်ရှား ရှင်းလင်း နိုင်မှာ ဖြစ်ပါတယ်။