Home » 

Windows Shutdown ပြုလုပ်သည့် အချိန်တိုင်းတွင် Pagefile အားရှင်းလင်းခြင်း

By: 

သီဟ

Pagefile ဆိုတာကတော့ Windows Operating System ရဲ့ ယခင်ကတည်းက ပါဝင်တဲ့ feature တစ်ခုဖြစ်ပါတယ်။ Pagefile ရဲ့ အလုပ်လုပ်ဆောင်ချက်ကတော့ Virtual Memory နည်းပါးတဲ့ PC တွေမှာ Windows Operating System ကို အဆင်ပြေပြေ run နိုင်စေဖို့အတွက် အချက်အလက်တွေကို စုစည်းထားပြီး System file အဖြစ် ကွယ်ဝှက်ပေးထား ပါတယ်။ အဆိုပါ file ကို pagefile လို့ ခေါ်ပါတယ်။

Pagefile ဟာ Memory က အချက်အလက်တွေကို စုစည်းပြီးထားတဲ့အတွက် တစ်ခါတစ်လေမှာ မလိုအပ်ဘဲ ဖိုင်အရွယ်အစား ကြီးမားနေတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ ဒီလိုမျိုး အရွယ်အစား ကြီးမားလာတဲ့ Pagefile တွေကို ကွန်ပျူတာ Shutdown ပြုလုပ်တိုင်းမှာ အလိုအလျောက် ဖယ်ရှားရှင်းလင်း သွားစေချင်တယ်ဆိုရင် ဖော်ပြပါ နည်းလမ်းများအတိုင်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Pagefile ဟာ Windows မှာ ကိုယ်တိုင်ပြန်လည် တည်ဆောက်နိုင်တဲ့အတွက် ပျက်သွားပြီးရင် Windows ပြန်လည် boot တက်တဲ့
အခါမှာ 0 data နဲ့ ပြန်လည် အလုပ်လုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် PageFile ထဲက data တွေကို Shutdows ပြုလုပ်တဲ့အခါမှာ အလိုအလျောက် ဖယ်ရှားရှင်းလင်း နိုင်စေဖို့ ပြုလုပ်ရတာဖြစ်ပါတယ်။

Pagefile တွေကို Shutdown ပြုလုပ်တဲ့အချိန်မှာ အလိုအလျောက် ဖယ်ရှားသွားနိုင်ဖို့ဆိုရင် Group Policy ကနေ Settings ကိုပြင်ဆင်နိုင်သလို၊ Registry Editor ကနေလည်း ပြင်ဆင်နိုင်မှာ
ဖြစ်ပါတယ်။

Group Policy Editor ကနေ ပြင်ဆင်ဖို့အတွက် Start Menu ကိုနှိပ်ပြီး gpedit.msc ဆိုတဲ့ command ကို ရိုက်ထည့်ပြီး Group Policy Editor ကို ဖွင့်လိုက်ပါ။

Group Policy Editor ထဲကို ရောက်ပြီဆိုရင် Computer Configuration > Windows Settings > Security Settings > Local Policies > Security Options ဆိုတဲ့ လမ်းကြောင်းအတိုင်း သွားရပါမယ်။

ပြီးသွားရင် ညာဘက်အခြမ်း panel မှာ Shutdown clear virtual memory pagefile ဆိုတာကို select မှတ်လိုက်ပါ။ Default အနေနဲ့ Disable ဆိုပြီး ဖော်ပြထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

အဆိုပါ Settings ကို ပြင်ဆင်မှာ ဖြစ်တဲ့အတွက် Double-click နှိပ်ပြီး အဆိုပါ ဖိုင်ကို ဖွင့်လိုက်ပါ။ ပြီးသွားရင် Enable ဆိုတာကို ရွေးချယ်ပြီး Ok ကို နှိပ်ကာ Group Policy ကနေ ထွက်လိုက်ရ
ပါမယ်။

Group Policy ထဲက ထွက်ပြီး PC ကို Restart ပြုလုပ်လိုက်ပါ။ Reboot ပြန်တက်လာတဲ့အခါမှာ အဆိုပါ လုပ်ငန်းစဉ်ဟာ စတင် အလုပ်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ ဒါကတော့ Group Policy
Editor ကနေ Pagefile ကို PC Shutdown ပြုလုပ်တဲ့အချိန်မှာ ရှင်းလင်းတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

Registry Editor ကနေ Settings ပြုလုပ်ချင်သူများ အတွက်ကတော့ Start Menu ကိုနှိပ်ပြီး regedit ဆိုတဲ့ command ကို ရိုက်ထည့်ပါ။

Registry Editor ထဲရောက်ပြီဆိုရင် ဖော်ပြထားတဲ့ HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control\Session Manager\Memory Management ဆိုတဲ့ လမ်းကြောင်းအတိုင်း သွားရပါမယ်။

Memory Management ကို Select မှတ်ပြီး ညာဘက် Panel မှာ Right-click နှိပ်ပြီး New > DWORD (32-bit) Value ဆိုတာကို ရွေးချယ်ရပါမယ်။

အဆိုပါဖိုင်ကို ClearPage FileAtShutdown ဆိုတဲ့ နာမည်ကို ပေးရမှာ ဖြစ်ပါတယ်။

နောက်တစ်ဆင့်ကတော့ အဆိုပါ ဖိုင်ကို တန်ဖိုး သတ်မှတ်ပေးရမှာ ဖြစ်တဲ့အတွက် Double-click နှိပ်လိုက်ပါ။ Value data ဆိုတဲ့နေရာမှာ 1 ဆိုတဲ့ တန်ဖိုးကိုထည့်သွင်းလိုက်ပါ။

ပြီးသွားပြီဆိုရင် Ok ကို နှိပ်ပြီး Registry Editor ကနေ ထွက်လိုက်ပါ။ ဒါဆိုရင် Pagefile ကို Shutdown ပြုလုပ်လိုက်တာနဲ့ တစ်ခါတည်း ရှင်းလင်းပေးသွားမှာ ဖြစ်ပါတယ်။