Home » 

Google Chrome Extension အတွက် Custom Shortcut ဖန်တီးခြင်း

By: 

သီဟ

Google Chrome browser ကို သုံးစွဲသူများ အနေနဲ့ ကိုယ်အသုံးများတဲ့ Extension တွေကို ကီးဘုတ်ကနေ Shortcut ပြုလုပ်ပြီး အလွယ်တကူ အသုံးပြုနိုင် ပါတယ်။ Keyboard shortcut ကို အသုံးပြုတာဟာ mouse ကိုအသုံးပြုပြီး extension ကိုနှိပ်တာထက် ပိုမိုမြန်ဆန်စေမှာဖြစ်ပါတယ်။

Google Chrome ရဲ့ Shortcut Manager ကနေတစ်ဆင့် ကိုယ်အသုံးပြုချင်တဲ့ extension တွေအတွက် custom shortcut တွေကို သတ်မှတ်ကာ extension တွေကို ပိုမိုလွယ်ကူစွာနဲ့ မြန်မြန်ဆန်ဆန် အသုံးပြုနိုင်ပါတယ်။

Chrome Web Store ကနေ ထည့်သွင်းလိုက်တဲ့ extension တစ်ခုကို custom shortcut သတ်မှတ်ချင်တယ်ဆိုရင် chrome browser ရဲ့ညာဘက်ထောင့်နားမှာရှိတဲ့ ဒေါင်လိုက် အစက်သုံးစက်နဲ့ Menu button ကို နှိပ်လိုက်ပါ။ ပြီးသွားရင် Settings ဆိုတာကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။

Settings ထဲကိုရောက်ပြီဆိုရင် ဘယ်ဘက်အခြမ်းမှာရှိတဲ့ extension ဆိုတာကို ရွေးချယ်ပေးရပါမယ်။ Extension ထဲကိုရောက်ပြီဆိုရင် အောက်ဆုံးမှာရှိတဲ့ Keyboard Shortcut ဆိုတာကို နှိပ်လိုက်ပါ။ ဒါဆိုရင် extension တွေကို ဖော်ပြပေးထားမှာဖြစ်ပြီး extension တစ်ခုချင်းစီရဲ့ Not set ဆိုတဲ့နေရာမှာ ကလစ်နှိပ်ကာ မိမိ ပေးထားချင်တဲ့ shortcut key ကို ထည့်သွင်းထားနိုင်မှာ ဖြစ်ပါတယ်။

Shortcut key တွေကို ထည့်သွင်းပြီးရင် Ok ဆိုတဲ့ခလုတ်ကို နှိပ်ပြီး ထွက်လိုက်ပါ။ ဒါဆိုရင် ကိုယ်သုံးချင်တဲ့ extension တွေကို Shortcut နဲ့ စတင်အသုံးပြု နိုင်ပါပြီ။

Ref: howtogeek

Tags: