Home » 

Windows 10 တွင် Skype ကို Background Running မဖြစ်အောင် ပြုလုပ်နည်း

By: 

သီဟ

Windows 10 အသုံးပြုသူများ အနေနဲ့ Microsoft account နဲ့ Sign in ပြုလုပ်ထားတဲ့အခါမှာ ကွန်ပျူတာ နောက်ကွယ်မှာ skype ဟာ နောက်ကွယ်ကနေ အလုပ်လုပ်နေမှာ ဖြစ်ပါတယ်။ Skype ကို Windows 10 ရဲ့ နောက်ကွယ်မှာ အလုပ်လုပ်ဆောင်နေခြင်းကို ပိတ်ထားဖို့အတွက် ဖော်ပြပါ နည်းလမ်း အတိုင်းပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Start Menu ကို နှိပ်ပြီး Skype ဆိုတဲ့ keyworad ကိုရိုက်ထည့်ပြီး Skype application ကိုဖွင့်ပါ။

Skype application ပွင့်သွားပြီဆိုရင် Tools Menu ထဲက Options ဆိုတာကို ရွေးချယ်ပေးရပါမယ်။

Options ထဲရောက်ပြီဆိုရင် General Settings ဆိုတာကိုရွေးချယ်ပေးရပါမယ်။ Genearl Settings ထဲက မှ Start Skype when I start Windows ဆိုတဲ့နေရာမှာ အမှန်ဖြစ် ဖြုတ်ပေးရပါမယ်။
အမှန်ဖြစ်ဖြုတ်ပြီးရင် Save button ကို နှိပ်ပြီးထွက်လိုက်ပါ။

အဆိုပါ အဆင့်ကို ပြုလုပ်ပြီးပြီဆိုရင် Skype ကို Background Running မဖြစ်အောင် ပြုလုပ်ပြီးပြီဖြစ်ပါတယ်။

Ref: howtogeek