Home » 

Virtual Box 5.1.12 ကို Ubuntu OS 16.10 တွင် ထည့်သွင်းခြင်း

By: 

သီဟ

Ubuntu OS သုံးစွဲသူများအတွက် အသစ်ထွက်ရှိသည့် Virtual Box 5.1.12 ကို Ubuntu OS 16.10 နဲ့ 16.04 တို့မှာ ထည့်သွင်းနိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။ Virtual Box 5.1.12 ကို ထည့်သွင်း အသုံးပြုနိုင်ရန် အတွက် အောက်မှာ ဖော်ပြထားတဲ့အတိုင်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Virtual Box 5.1.12 ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။

ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေး ရပါမယ်။

Virtual Box 5.1.12  ကို ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြထားတဲ့ Command ကို Terminal ထည့်သွင်း ပေးရပါမယ်။ 16.04 version အတွက်ဆိုရင် sudo sh -c 'echo "deb http://download.virtualbox.org/virtualbox/debian xenial contrib" >> /etc/apt/sources.list.d/virtualbox.list' wget -q -O - http://download.virtualbox.org/virtual box/debian/oracle_vbox_2016.asc | sudo apt-key add -sudo apt-get update sudo apt-get install virtualbox-5.1 ဆိုတဲ့ command ကို အသုံးပြုရမှာဖြစ်ပြီး၊ 16.10 version မှာ ထည့်သွင်းမယ်ဆိုရင် sudo sh -c 'echo "deb http://download.virtualbox.org/virtualbox/debian yakkety contrib" >> /etc/apt/sources.list.d/virtualbox.list' wget -q -O - http://download.virtualbox.org/virtual box/debian/oracle_vbox_2016.asc | sudo apt-key add - sudo apt-get update sudo apt-get install virtualbox-5.1 ဆိုတဲ့ command တွေကို အသုံးပြုရပါမယ်။ ပြီးသွားရင် သက်ဆိုင်ရာ ဖိုင်တွေကို download ပြုလုပ်ပြီး Install ပြုလုပ်ပေးသွား ပါလိမ့်မယ်။