Home » 

AirPods နဲ့ Android device ဘယ်လိုချိတ်ဆက်မလဲ

By: 

သီဟ

AirPods ကို Apple ထုတ်ကုန်များသာမက PC, Android device, Apple TV စတာတွေမှာ Bluetooth နဲ့ချိတ်ဆက်ပြီး အသုံးပြုနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ ပြုလုပ်ပုံကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

AirPods နဲ့ အခြားသော android device တွေကိုချိတ်ဆက်ဖို့အတွက် Bluetooth settings ကို ချိတ်ဆက်မယ့် device ကနေ ဖွင့်ပေးလိုက်ပါ။

ပြီးသွားရင် AirPods Charging case ရဲ့ အဖုံးကို ဖွင့်လိုက်ပါ။ အဆိုပါ charging case အနောက်ဘက်ကို ကြည့်လိုက်ရင် သေးငယ်တဲ့ ခလုတ်လေးတစ်ခုကိုတွေ့ရမှာဖြစ်ပါတယ်။ အဲ့ဒီခလုတ်ကို အချိန်အနည်းငယ်လောက်ဖိပြီး နှိပ်ထားလိုက်ပါ။

ပြီးသွားရင် AirPods ဟာ ချိတ်ဆက်မယ့် device ရဲ့ paring menu မှာပေါ်လာပါမယ်။ AirPods ကိုရွေးချယ်တာနဲ့ ချိတ်ဆက်ပြီး အသုံးပြုနိုင်ပါပြီ။

Ref: CNET

Tags: