Home » 

Google Pixel ၏ Boot Animation ကို Android device များတွင် ထည့်သွင်းခြင်း

By: 

သီဟ

Root ပြုလုပ်ထားတဲ့ Android device တွေမှာ Google Pixel ရဲ့ boot animation ကို ထည့်သွင်း အသုံးပြုချင်သူတွေ အနေနဲ့ အောက်ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်ပါတယ်။ Google Pixel ရဲ့ Boot animation အတိုင်း ကိုယ့်ရဲ့ Android device မှာ ထည့်သွင်းဖို့အတွက် လိုအပ်ချက်တွေကတော့ ပထမဆုံး ဖုန်းဟာ Root ပြုလုပ်ထားတဲ့ ဖုန်းဖြစ်ရပါမယ်။ နောက်တစ်ချက်ကတော့ root file browser လိုအပ်ပါမယ်။

Pixel’s Boot Animation ထည့်သွင်းဖို့အတွက် Bootanimation.zip ဆိုတဲ့ဖိုင်ကို download ပြုလုပ်လိုက်ပါ။

Download ပြုလုပ်ပြီးရင် root file browser တစ်ခုခုကို သုံးပြီး /system/media ဆိုတဲ့လမ်းကြောင်းအောက် က bootanimation.zip ဆိုတာကို long press ပြုလုပ်ပြီး rename ကို နှိပ်လိုက်ပါ။ မူရင်း bootanimation.zip ရဲ့အနောက်မှာ .bak ဆိုတာကို ထပ်မံထည့်သွင်းပေးရပါမယ်။

နောက်တစ်ဆင့်ကတော့ download ပြုလုပ်ထားတဲ့ ဖိုင်ကို copy လုပ်ပြီး /system/media ဆိုတဲ့ လမ်းကြောင်းမှာ သွားထည့်ပေးရပါမယ်။

ပြီးသွားပြီဆိုရင် အဆိုပါ download ပြုလုပ်ထားတဲ့ဖိုင်ကို Long Press ပြုလုပ်ပြီး Context Menu ထဲက Permission ဆိုတာကို ရွေးချယ်ပေးရပါမယ်။ Permission မှာ Owner ကို Read ရော Write ပါ permission ပေးထားပြီး Group နဲ့ Other ကိုတော့ read သာ ထားရပါမယ်။

အထက်ပါ အဆင့်ပြီးသွားရင် OK ကို နှိပ်ပြီး Reboot ပြုလုပ်လိုက်တာနဲ့ boot ပြန်တက်လာတဲ့အခါမှာ Google Pixel ရဲ့ boot animation ကို ကိုယ့်ရဲ့ android device ပေါ်မှာ စတင်တွေ့မြင်ရပါပြီ။

Ref: WonderHowto

Tags: