Home » 

Microsoft EDGE Browser ကို Reset ပြုလုပ်နည်း

By: 

သီဟ

Microsoft EDGE Browser ဟာ လုပ်ဆောင်မှု နှေးကွေးလာတာပဲဖြစ်ဖြစ်၊ Extension တွေကို ဖယ်ရှားချင်တာမျိုးပဲဖြစ်ဖြစ် Microsoft EDGE Browser ကို rest အလွယ်တကူ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Microsoft EDGE Browser ကို reset ပြုလုပ်ဖို့အတွက်ဆိုရင် ဖော်ပြပါ နည်းလမ်း အတိုင်း ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

ညာဘက်ထောင့်အပေါ်နားရှိ Settings ကို နှိပ်ပါ။

Settings ထဲကိုရောက်ပြီဆိုရင် Choose what to clear ဆိုတာကို နှိပ်ပြီး Show More ဆိုတာကို နှိပ်ပါ။

နောက်တစ်ဆင့်ကတော့ ကိုယ်ဖျက်ချင်တာတွေကိုရွေးချယ်ပြီး Clear ဆိုတဲ့ခလုတ်ကို နှိပ်လိုက်ပါ။

ဒါဆိုရင် Microsoft EDGE Browser ကို reset ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Microsoft EDGE Browser ရဲ့ Registry ကို ဖယ်ရှားရှင်းလင်းဖို့အတွက် ဆိုရင် Start Menu ကို နှိပ်ပြီး Power Shell ဆိုတာကို Run as administrator ဆိုတာနဲ့ run ရပါမယ်။ (ပုံ-၄)

ပြီးရင် Get-AppXPackage -AllUsers -Name Microsoft.MicrosoftEdge | Foreach {Add-AppxPackage -DisableDevelopmentMode -Register "$($_.InstallLocation)\AppXManifest.xml" -Verbose} ဆိုတဲ့ command ကို ထည့်သွင်းပေးလိုက်ပါ။ ဒါဆိုရင် Microsoft EDGE Browser ရဲ့ Registry ကို ရှင်းလင်းပြီးပြီဖြစ်ပါတယ်။

Ref: maketecheasier