Home » 

Ubuntu OS 16.10 တွင် MKV ToolNix ကိုထည့်သွင်းခြင်း

MKVToolNix ဆိုတာကတော့ Ubuntu OS သုံးစွဲသူတွေအတွက် MKV extension video ဖိုင်တွေကို ပြုလုပ်ဖို့ နဲ့ video file audio file တွေကို ပေါင်းစပ်ဖို့အပြင် အပိုင်းများ ခွဲထုတ်ခြင်း ပြန်လည်ချိတ်ဆက်ခြင်း အစရှိတာ တွေကို ပြုလုပ်နိုင်ဖို့အတွက် စီစဉ်ပေးထားတဲ့ tool တစ်ခုဖြစ်ပါတယ်။

MKVToolNix ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။

ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

MKVToolNix  ကို ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြထားတဲ့ Command ကို Terminal ထည့်သွင်း ပေးရပါမယ်။ အသုံးပြုရမယ့် command ကတော့ -

wget -q -O - https://mkvt
oolnix.download/gpg-pub-moritzbunkus.txt | sudo apt-key add -
echo "deb http://mkvtool
nix.download/ubuntu/yakk
ety/ ./" | sudo tee -a /etc/apt/
sources.list
sudo apt-get update
sudo apt-get install mkvtoo
lnix mkvtoolnix-gui

ဆိုတဲ့ command တွေကို Terminal မှာထည့်သွင်း ပေးရပါမယ်။ အဆိုပါ command တွေကို ထည့်သွင်း ပြီးပြီဆိုရင် သက်ဆိုင်ရာ package တွေကို download ပြုလုပ်ပြီး Install ပြုလုပ်ပေးသွား
ပါလိမ့် မယ်။ Install ပြုလုပ်ပြီးပြီဆိုရင် Dash Home ရဲ့ Search box မှာ MKVTool ဆိုတဲ့ keyword ကိုရိုက်ထည့် လိုက်တာနဲ့ MKVTool Nix ကိုဖော်ပြပေးပါလိမ့်မယ်။ ဒါဆိုရင် စတင်အသုံးပြုနိုင် ပြီဖြစ်ပါတယ်။