Home » 

Unsigned Driver များကို Windows 10 တွင် ထည့်သွင်းခြင်း

By: 

သီဟ

Hardware များကို ကိုယ့်ရဲ့ PC မှာတပ်ဆင် အသုံးပြုတော့မယ် ဆိုရင် Driver software လိုအပ်မှာ ဖြစ်ပါတယ်။ Windows Operating System ဟာ Hardware တွေကို တပ်ဆင်တဲ့အခါမှာ driver soft
ware တွေ ကို တောင်းမှာ ဖြစ်ပါတယ်။ အချို့သော driver software တွေဟာ Low level access ဖြစ်တာကြောင့် Windows 10 ပေါ်မှာ အလုပ်လုပ်ဆောင် နိုင်ဖို့အတွက် အဆင်မပြေ ဖြစ်တတ်ပါတယ်။ Unsigned Driver ဆိုတာမျိုးဟာ Windows ကနေ Authorized မပေးနိုင်တဲ့ driver software အမျိုးအစား ဖြစ်ပါတယ်။

ဒီလိုမျိုး Windows ကနေ အထောက်အပံ့ မပေးနိုင်တဲ့ Unsigned Driver တွေကို မဖြစ်မနေ ထည့်သွင်းရတော့မယ့် အခြေအနေမျိုးနဲ့ ကြုံနေတယ်ဆိုရင် ဖော်ပြပါ နည်းလမ်းအတိုင်း driver ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။

Windows 10 မှာ Unsigned Driver ကို ထည့်သွင်းမယ်ဆိုရင် Advanced Boot Menu ကို အသုံးပြု ရပါမယ်။ Advanced Boot Menu ကို အသုံးပြုဖို့အတွက်ဆိုရင် လက်ရှိ Run နေတဲ့ Operating System ကို Restart ပြုလုပ်ပေးရပါမယ်။

Restart ပြုလုပ်ဖို့အတွက် Win + X Key ကို နှိပ်ပြီး Shut downor Sign out ဆိုတာကို နှိပ်ရပါမယ်။

ပြီးရင် Restart Shift+Left-click နဲ့ နှိပ်လိုက်ပါ။

PC Reboot ကျ သွားပြီး ပြန်တက်လာတဲ့အခါမှာ Advanced boot Menu ကိုရောက်နေပါလိမ့်မယ်။ Troubleshoot ဆိုတာကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။

Troubleshoot ဆိုတဲ့ Section အောက်မှာမှ Advanced option ဆိုတာကို ကလစ်နှိပ်ရပါမယ်။

Advanced options ထဲကမှ Start-up Settings ဆိုတာကို ရွေးချယ်ရပါမယ်။

Start-up Settings ထဲကို ရောက်သွားရင် ဖော်ပြထားတဲ့ list တွေကိုတွေ့ရပါလိမ့်မယ်။

Start-up Settings အောက်မှာမှ Disable driver signature enforcement ဆိုတာကို ရွေးချယ်ပေးရမှာ  ဖြစ်တဲ့အတွက် Keyboard ကနေ F7 key နဲ့ ရွေးချယ်ပေးပါ။

ပြီးသွားရင် PC Reboot ပြန်လည်ပြုလုပ် သွားပါလိမ့်မယ်။ ယခုအခါမှာ Unsigned Driver ကို အသုံးပြုနိုင်ရန်အတွက် Driver Signature enforcement ကို Enable ပြုလုပ်ပေးပြီးပြီ ဖြစ်ပါတယ်။ Windows boot ပြန်တက်
လာတဲ့အခါမှာ အဆိုပါ Unsigned Driver ကို ထည့်သွင်း အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

နောက်ထပ်နည်းလမ်း တစ်ခုကတော့ Test Mode ကို Enable ပြုလုပ်ပြီး ထည့်သွင်းတဲ့ နည်းလမ်းဖြစ်ပါတယ်။

Test Mode ကို အသုံးပြုဖို့အတွက် Win + X key နဲ့ Command Prompt (Admin) ကိုရွေးရပါမယ်။

Command Prompt (Admin) ထဲကို ရောက်သွားပြီဆိုရင် bcdedit /set testsigning on ဆိုတဲ့ command ကိုရိုက်ထည့် ရပါမယ်။ ပြီးသွားရင် PC ကို Restart ပြုလုပ်ရပါမယ်။ Restart ပြုလုပ်လိုက်ပါ။

PC Reboot ပြန်တက်လာတဲ့ အခါမှာ Windows မှာဖော်ပြထားတဲ့ Test Mode ဆိုတာကို Windows အောက်ခြေ ညာဘက်အခြမ်းနားလေးမှာ ဖော်ပြပေးထားပါတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် Windows 10 Test Mode ထဲကို ရောက်နေပြီ ဖြစ်ပါတယ်။

Test Mode ထဲကနေ ကိုယ်ထည့်သွင်းချင်တဲ့ Unsigned driver software ကို ထည့်သွင်းနိုင်ပြီ ဖြစ်ပါတယ်။ driver software တွေကို ထည့်သွင်းပြီးလို့ Test Mode ကို ပြန်ပိတ်ဖို့အတွက် ဆိုရင် Command Prompt ကို Admin mode နဲ့ဖွင့်ရပါမယ်။

Command Prompt ထဲကို ရောက်ပြီဆိုရင် bcdedit /set testsigning off ဆိုတဲ့ command ကိုရိုက်ထည့်ပြီး PC ကို Restart ပြုလုပ်ပေးရပါမယ်။ Windows boot ပြန်တက်လာတဲ့အခါမှာ သင့်ရဲ့ Windows မှာ Test Mode ကို disable ပြန်လည်ပြုလုပ် ပေးပြီးပြီဖြစ်ပါတယ်။

အထက်မှာဖော်ပြထားတဲ့ နည်းလမ်း ၂ မျိုးကတော့ Unsigned Driver software တွေကို Windows 10 မှာ ထည့်သွင်းနိုင်တဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။

-Ref: maketecheasier