Home » 

Chrome Browser Extension များကို ဝေမျှခြင်း

By: 

သီဟ

Chrome Browser ဟာ လူသုံးများတဲ့ browser တစ်ခုဖြစ်ပါတယ်။ chrome browser ကို အသုံးပြုတဲ့အခါ တစ်ခါတလေမှာ အင်တာနက်သုံးရင်း ပြုလုပ်ရတဲ့အရာတွေ အလွယ်တကူနဲ့ လုပ်ဆောင်နိုင်ဖို့အတွက် extension တွေကို အသုံးပြုကြပါတယ်။

ဒီလိုမျိုး extension တွေကို အသုံးပြုတဲ့အခါမျိုးမှာ မိမိအတွက် အသုံးဝင်တဲ့ extension ကို အပေါင်းအသင်းမိတ်ဆွေများကို ဝေမျှ သုံးစွဲစေချင်တယ်ဆိုရင် ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Chrome browser extension ကို Chrome Store ကနေ ရှာဖွေပြီး ထည့်သွင်းရတာမျိုးနဲ့ Export ပြုလုပ်ပြီး ထည့်သွင်းရတာမျိုးဟာ သုံးစွဲသူကို အလုပ်ရှုပ်စေမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ browser ထဲမှာထည့်သွင်းထားတဲ့ extension တွေကို အပေါင်းအသင်းမိတ်ဆွေများဆီ ဝေမျှချင်တယ်ဆိုရင် Share Extension ဆိုတာကို ထည့်သွင်းထားနိုင်ပါတယ်။

Share Extension ကို ထည့်သွင်းပြီးသွားရင် ညာဘက်ထောင့်အပေါ်နာလေးမှာ icon လေး ပေါ်နေပါလိမ့်မယ်။ အဆိုပါ icon ကိုနှိပ်လိုက်ရင် ကိုယ်ထည့်သွင်းထားတဲ့ extension တွေကို ဖော်ပြပေးပါလိမ့်မယ်။ Twitter ဖြစ်ဖြစ် Gmail ကိုဖြစ်ဖြစ်ရွေးချယ်ပြီး ကိုယ်ပေးပို့ချင်တဲ့သူရဲ့ email address ကို ထည့်သွင်းပြီး အလွယ်တကူနဲ့ ပေးပို့နိုင်ပါတယ်။

လက်ခံမယ့်သူအနေနဲ့ extension ရှိတဲ့ link ကို ကလစ်နှိပ်ပြီး အလွယ်တကူနဲ့ Install ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။