Home » 

Dark Night Mode ကို Browser တွင် ထည့်သွင်းခြင်း

By: 

သီဟ

ကွန်ပျူတာ ကြာရှည်သုံးစွဲသူများ အနေနဲ့ အချိန်ကြာလာတာနဲ့အမျှ မျက်လုံးဟာ အလင်းဒဏ်ကို ခံနိုင်ရည် အားနည်းလာကြပါတယ်။ ကွန်ပျူတာနဲ့ အင်တာနက် အချိန်ကြာရှည်စွာ သုံးစွဲသူများအဖို့ Mozilla နဲ့ Chrome browser မှာ Dark Night Mode ကို ထည့်သွင်းပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Chrome Browser မှာ Dark Night Mode ကို ထည့်သွင်းဖို့အတွက် Deluminate ဆိုတဲ့ extension ကို ထည့်သွင်းပေးရပါမယ်။

ထည့်သွင်းပြီးရင် Settings ကို လိုအပ်သလို ချိန်ပြီး web page ကို refresh ပြန်ပြုလုပ်လိုက်ပါ။ ဒါဆိုရင် ပုံမှာဖော်ပြထားတဲ့အတိုင်း Dark Night Mode အနေနဲ့ Chrome browser ကို စတင် အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

Mozilla Firefox သုံးစွဲသူများအနေနဲ့ FT DeepDark ဆိုတဲ့  Add-ons ကို သွားရောက်ရယူနိုင်မှာဖြစ်ပါတယ်။ Add-ons ထည့်သွင်းပြီးသွားပြီဆိုရင် လိုအပ်သလို settings ကို ချိန်ညှိပြီး Firefox browser ကို Dark Night Mode အနေနဲ့ သုံးစွဲနိုင်ပြီဖြစ်ပါတယ်။