Home » 

Ubuntu 16.10 တွင် FileZilla ကို ထည့်သွင်းခြင်း

By: 

သီဟ

FileZilla ဆိုတာကတော့ FTP (File Transfer Protocol)  ဖြင့် ချိတ်ဆက်၍ file များကို upload ပြုလုပ်ပေးနိုင်မယ့် tool တစ်ခုဖြစ်ပါတယ်။ FileZilla version 3.22.2 ကို Ubuntu OS 16.10 တွင် ထည့်သွင်း အသုံးပြုလို သူများအနေနှင့် ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

FileZilla ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။

ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

FileZilla  ကို ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြထားတဲ့ Command ကို Terminal ထည့်သွင်း ပေးရပါမယ်။ အသုံးပြုရမယ့် command ကတော့ -

$ sudo add-apt-repository ppa:n-muench/programs-ppa

$ sudo apt-get update

$ sudo apt-get install filezilla

ဆိုတဲ့ command တွေပဲဖြစ်ပါတယ်။ အဆိုပါ command တွေကို ထည့်သွင်းပြီး ရင် သက်ဆိုင်ရာ package တွေကို download ပြုလုပ်မှာ ဖြစ်တဲ့အတွက် ခေတ္တစောင့်ဆိုင်း ပေးရပါမယ်။ အဆိုပါ
package တွေကို download ပြုလုပ်ပြီး FileZilla ကို ထည့်သွင်းပြီးပြီ ဖြစ်ပါတယ်။ FileZilla ကို အသုံးပြုမယ်ဆိုရင် Terminal မှာ File Zilla ဆိုတဲ့ command ကို အသုံးပြုပြီး ဖွင့်နိုင်မှာဖြစ်သလို၊ Dash Home ရဲ့ search box မှာ FileZilla ဆိုတဲ့ keyword ကို ရိုက်ထည့် ပြီတော့လည်း FileZilla ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။