Home » 

External Hard Disk ကို Windows 10 ပေါ်တွင် Partition ပြုလုပ်ခြင်း

By: 

သီဟ

Partition ဆိုတာကတော့ Hard Disk တစ်ခုပေါ်မှာ အပိုင်းတွေခွဲပြီး ဖိုင်တွေကို အလုပ်လုပ်ဆောင် စေဖို့ အတွက် သတ်မှတ်ပေးထားတဲ့ အရာဖြစ်ပါတယ်။ Partition တစ်ခုချင်းစီမှာ သတ်မှတ်ထားတဲ့ ဖိုင်တွေကို သိမ်းဆည်းချင်းအားဖြင့် သက်ဆိုင်ရာ ဖိုင်တွေကို ရှာဖွေတဲ့အခါမှာ ပိုမို မြန်ဆန်စွာနဲ့ ရှာဖွေနိုင်အောင် အထောက်အကူ ပြုနိုင်ပါတယ်။ ဒါကြောင့် Hard Disk တစ်လုံးကို ဝယ်ယူပြီး ကွန်ပျူတာမှာ တပ်ဆင်တဲ့ အခါမျိုးမှာ Partition ကို အနည်းဆုံး တစ်ခုထပ် ပိုပြီးပြုလုပ်ထားဖို့ လိုအပ်ပါလိမ့်မယ်။

External Hard Disk တစ်ခုပေါ်မှာ ပုံမှန်အားဖြင့် Partition ပြုလုပ်လေ့မရှိကြပါဘူး။ External Hard Disk ထဲမှာ data တွေကို သိမ်းဆည်းတဲ့အခါမှာ ကိုယ့်ရဲ့ အရေးကြီးဖိုင်တွေ ပျောက်ဆုံး ပျက်စီးသွားတာကို ကာကွယ်နိုင်ရန်အတွက် partition တစ်ခုပြုလုပ်ပြီး Backup ပြုလုပ်ထားသင့်ပါတယ်။ Windows 10 မှာ External Hard Disk တစ်ခုကို Partition ထပ်မံပြုလုပ်ဖို့အတွက် Disk Management ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Disk Management ကို အသုံးပြုဖို့အတွက် Win + R key ကိုနှိပ်ပြီး diskmgmt.msc ဆိုတဲ့ command ကို Run box မှာ ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။

အကယ်၍ run box ကနေ အသုံးမပြုချင် သူများအနေနဲ့ Start Menu ကို Right-click နှိပ်ပြီး Disk Management ဆိုတာကိုရွေးချယ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Disk Management ထဲကို ရောက်ပြီဆိုရင် ကိုယ့်ကွန်ပျူတာမှာ တပ်ဆင်ထားတဲ့ drive တွေကို ဖြော်ပြပေး ထားပါလိမ့်မယ်။ External Hard Disk Drive ကို Select ပြုလုပ်ပေးလိုက်ပါ။

အကယ်၍ Partition ပြုလုပ်မယ့် Hard Disk မှာ Data တွေ ရှိနေတယ်ဆိုရင် ဖိုင်တွေကို backup အရင် ပြုလုပ်ထားသင့်ပါတယ်။

အကယ်၍ External Hard Disk ဟာ ယခုမှ ဝယ်လာတဲ့ အသစ်ဆိုရင်တော့ Unallocated ဆိုပြီး ပြသနေပါလိမ့်မယ်။

အဆိုပါ Unallocated ဆိုတာကို select ပြုလုပ်ပြီး Format ပြုလုပ်ပေးလိုက်ပါ။

နောက်တစ်ဆင့်ကတော့ Partition ပြုလုပ်ဖို့အတွက် အဆိုပါ Drive ကို Select ပြုလုပ်ပြီး Shrink Volume ဆိုတာကို ရွေးချယ်ပေးရပါမယ်။

ဒါဆိုရင် New Simple Volume ဆိုတဲ့ Wizard ကိုတွေ့ရပါလိမ့်မယ်။ Next ကို နှိပ်ပါ။

Specify Volume Size ဆိုတဲ့ နေရာမှာ ကိုယ်သတ်မှတ်ချင်တဲ့ partition ပမာဏကို သတ်မှတ်ရပါမယ်။ သတ်မှတ်နည်းကတော့ ကိုယ့်ရဲ့ External HDD ဟာ 1TB ရှိတဲ့အတွက် 500 GB စီ ပိုင်းချင်တယ်ဆိုရင် 1GB ကို 1024 MB ရှိတဲ့အတွက် 1024 နဲ့ 500 GB ကိုမြှောက်ပေးရပါမယ်။ ဥပမာအနေနဲ့ 1024 x 500 = 51200 ရမှာဖြစ်ပါတယ်။ အဆိုပါ 51200 ဆိုတဲ့ ရလဒ်ကို Simple Volume Size ဆိုတဲ့အထဲမှာ ထည့်သွင်းပေးရပါမယ်။ ပြီးရင် Next ကို နှိပ်ပါ။

Partition Format ကို သတ်မှတ်တဲ့အခါမှာ FAT 32 အသုံးပြုမှာလား NTFS အသုံးပြုမလား ဆိုတာကို File System မှာ ရွေးချယ်နိုင်ပါတယ်။ ဥပမာ NTFS ဆိုတာကို ရွေးချယ်ပြီး Next ကို နှိပ်လိုက်ပါ။

ပြီးသွားပြီဆိုရင် partition ကို စတင်ပြီး create ပြုလုပ်နေပါလိမ့်မယ်။ အဆိုပါ အချိန်အတိုင်းအတာကို  ခေတ္တစောင့်ပေးလိုက်ပါ။ လုပ်ငန်းစဉ်ပြီးဆုံး သွားပြီဆိုရင် External Hard Disk ပေါ်မျာ Partition အသစ် တစ်ခုထွက်ပေါ် လာတာတွေ့ရပါလိမ့်မယ်။

အထက်မှာ ဖော်ပြထားတာကတော့ 1TB ပေါ်မှာ 500GB ပမာဏရှိတဲ့ partition ကိုသာ ပြုလုပ်ထားတာ  ဖြစ်တဲ့အတွက် နောက်ထပ် 500 GB ပမာဏကျန်နေပါလိမ့်မယ်။ ကျန်နေတဲ့ အပိုင်းကို Select ပြုလုပ်ပြီး အထက်မှာ ဖော်ပြထားသကဲ့သို့ နောက်တစ်ဆင့် ပြုလုပ်လိုက်ရင် Extenal Hard Disk တစ်လုံးကို Windows 10 ရဲ့ Disk Mana gement ကို အသုံးပြုပြီး အလွယ်တကူနဲ့ partition ပြုလုပ်တဲ့ လုပ်ငန်းစဉ် ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။