Home » 

Google Pixel တွင်ပါဝင်သော လုပ်ဆောင်ချက်ဖြင့် ဖုန်းသိုလှောင်မှု ပမာဏကို ပိုတိုးလာအောင် ပြုလုပ်ခြင်း

By: 

ရဲထွဋ်ဝင်း

Google ကနေ အသစ်ထွက်ရှိထားတဲ့ Pixel ဖုန်းမှာ ပါဝင်လာတဲ့ လုပ်ဆောင်ချက်ကို အသုံးပြုပြီး ဖုန်းရဲ့ Internal သိုလှောင်မှုပမာဏကို ပိုတိုးအောင် အလွယ်တကူ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒီစနစ်က ရက် ၃ဝ အတွင်း ဖုန်းထဲမှာ အသုံးပြုမှုမရှိတဲ့ Appတွေကို ခလုတ်တစ်ချက်ရှင်းလင်း နိုင်ဖို့အတွက် ဖုန်းကနေ ရှာဖွေ ပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် ဖုန်း ရဲ့ Cache ဖိုင်တွေကိုလည်း ရှင်းလင်းနိုင်မှာ ဖြစ်ပါတယ်။

ဖုန်းရဲ့ Notification shde ကိုဖွင့်ဖို့အတွက် ဖုန်းမြင်ကွင်းပေါ် ဆုံးက အောက်ဖက်ကို တစ်ချက် ပွတ်ဆွဲလိုက်ပါ။

ပြီးရင်တော့ ညာဘက်အပေါ် ထောင့်နားက Settings icon ကို တစ်ချက်နှိပ်လိုက်ပါ။

ဖုန်းရဲ့ Settings စနစ်ထဲကို ရောက်သွားရင်တော့ Storage ဆိုတဲ့စာသားကို ရှာပြီး နှိပ်လိုက်ပါ။

Internal Storage စနစ်ထဲကို ရောက်သွားပါမယ်။ အဲဒီထဲကမှ ညာဘက်အပေါ် ထောင့်နားမှာရှိ တဲ့ အစက်သုံးခု icon နေရာကို တစ်ချက်နှိပ်လိုက်ပါ။

ဘောက်အသေးတစ်ခုပေါ် လာမှာဖြစ်ပြီး Free up space ဆိုတဲ့စာသားကို နှိပ်လိုက်ပါ။

အဲလိုဆိုရင်တော့ ဖုန်းကနေ Photos, Downloads, Apps ဆို ပြီး ဖုန်းထဲကနေ အသုံးပြုမှုနည်း တဲ့ ဖိုင်တွေကို ရှာဖွေဖော်ပြပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ညာဘက် အောက်ဘက်ထောင့် နားမှာ Free up ဆိုတဲ့နေရာမှာ ဘယ်လောက် နေရာပမာဏဆိုတာကို ပြသပေး ထားမှာဖြစ်ပါတယ်။ ကိုယ့်အနေ နဲ့ ဖျက်ချင်တဲ့ ဖိုင်တွေကို ရွေး ချယ်ပြီး Free up ဆိုတဲ့ စာသားကို တစ်ချက်နှိပ်ပြီး ဖုန်းရဲ့ သိုလှောင် မှုပမာဏကို တိုးအောင် ပြုလုပ်နိုင် မှာပဲဖြစ်ပါတယ်။